တရုတ်နိုင်ငံ ရာသီဥတု ရုတ်ချည်းဆိုးရွားသွားခြင်းကြောင့် မာရသွန်ပြိုင်ပွဲဝင် ၂ဝထက်မနည်းသေဆုံး

ပေကျင်း၊ မေ ၂၃

မိုးသီးများကျဆင်းမှု၊ အအေးလွန်ကဲသော မိုးများရွာမှုနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲဝင်သူ ၂၀ ထက်မနည်း သေဆုံးကြကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ယနေ့ မေ ၂၃ တွင်ပြောကြားသည်။

ပတ်ဝန်းကျင်အပူချိန် ရုတ်ချည်းကျဆင်းမှုကြောင့် ပြိုင်ပွဲဝင်တို့သည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပွားကြကြောင်း တရုတ်နိုင်ငံအခြေစိုက် ဆင်ဝှာ သတင်းဌာနက ရေးသားထားသည်။

မေ ၂၂ ရက် စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီခန့်က ရုတ်ချည်းပင် ရာသီဥတု ဆိုးရွားလာခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ မေ ၂၃ နံနက်စောစောပိုင်းတွင်မူ သေဆုံးနေသူ ၂၀ ကို ရှာဖွေတွေ့ရှိပြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း CCTV သတင်းဌာနမှ ကြေညာသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ဝဝကျော်တို့သည် ကယ်ဆယ်ရှာဖွေရေးများ ပြုလုပ်နေကြဆဲဖြစ်သည်။

အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲသည် ကမ႓ာလှည့်ခရီးသွားများလာရောက်ကြရာ မြစ်ဝါမြစ်ကျောက်တောင်ဒေသတွင်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲသို့ လူ ၁၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၁၅၁ ဦးမှာ လုံခြုံစိတ်ချစွာရှိနေသော်လည်း ပွန်းပဲ့ဒဏ်ရာရရှိသူ အချို့ရှိကြကြောင်း သိရသည်။

Ref: At least 20 die in extreme weather in China cross-country race
Photo: Xinhua via AP/Guo Gang

Leave a Reply

Your email address will not be published. Required fields are marked *