အာဏာသိမ်းပြီးနောက် ၃လ အတွင်း မိုင်တဲလ် ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါးထိခိုက်

Unicode:

အာဏာသိမ်းပြီးနောက် ၃လအတွင်း မိုင်တဲလ် ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါးထိခိုက်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Mytel တယ်လီကွန်းကုမ္ပဏီအနေနဲ့ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ၃လ အတွင်း ဝင်ငွေ ဒေါ်လာ၂၄.၉သန်းထိခိုက်နစ်နာခဲ့ပြီး အသုံးပြုသူ၂သန်းအထိဆုံးရှုံးခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ကုမ္ပဏီအချက်အလက်တွေကို ကိုးကားပြီး လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice for Myanmar ကထုတ်ပြန်လိုက်ပါသည်။

စစ်တပ်ကအာဏာသိမ်းပြီး ပထမ၂လအတွင်း စစ်တပ်ထုတ်ကုန် မိုင်တဲလ် ကုမ္ပဏီရဲ့ Mytel Pay ကနေအရောင်းကိုယ်စာလှယ် ၁၀၀၀၀ ဝန်းကျင်နှုတ်ထွက်ခဲ့ကြပြီး အာဏာသိမ်းမှု့မတိုင်ခင်ဇန်နဝါရီလအထိ အရောင်းကိုယ်စာလှယ် ၅၄၀၀၀ကျော်ရှိရာကနေ အာဏာသိမ်းပြီး ဇူလိုင်လမှာတော့ ၃၈၀၀၀ကျော်သာရှိတော့တယ်လို့ဆိုပါသည်။

အခုလိုစျေးကွက်ထိခိုက်တဲ့အခြေအနေမှာ မိုင်တဲလ်ကုမ္ပဏီအနေနဲ့ စျေးကွက်ဝေစုပြန်လည်ရရှိဖို့ ကုန်ကျစာရိတ်ကြီးမားပြီး တရားမဝင်တဲ့မဟာဗျူဟာတွေကိုအသုံးပြု့ခဲ့တယ်လို့ JFM ကဆိုပါသည်။

အရောင်းမြှင့်တင်ရေးအနေနဲ့ စစ်သားတွေကို စစ်ဌာနချုပ်တွေမှာ အထူးသီးသန့် ကြိုတင်ရောင်းချမှုနဲ့ဝယ်ယူခိုင်းခဲ့တယ်လို့လည်း JFMကဆိုပါသည်။

လျို့ဝှက်ပေါက်ကြားလာတဲ့အချက်အလက်တွေအရ မိုင်တဲလ်ရဲ့ ၈၀ရာခိုင်နှုန်းရောင်းချရမှုတွေဟာ မိုင်တဲလ်ထုတ်ကုန်တွေရောင်းချတဲ့ ပုဂ္ဂလိကပိုင်မိုဘိုင်းဖုန်းအရောင်းဆိုင်ကွန်ယက်ကနေ နိုင်ငံတစ်ဝန်းကိုရောင်းချခဲ့တာလို့ Justice for Myanmar ရဲ့ထုတ်ပြန်ချက်္မှာဖော်ပြထားပါသည်။

Distributed Denial of Secrets က ဖွင့်ချခဲ့တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရွက်စာတမ်းတွေကို Justice For Myanmar က လေ့လာသုံးသပ်ချက်အရ လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်အနေနဲ့ မိုင်တဲလ်ကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၀၀ ကျော် ရရှိဖို့ ခ့န့်မှန်းတွက်ချက်ထားတယ်လို့ သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *