စစ်ကောင်စီက အသစ်ခန့်သံအမတ် စင်ကာပူအစိုးရ လုံးဝလက်္မခံ

Unicode:

စစ်ကောင်စီက အသစ်ခန့်သံအမတ် စင်ကာပူအစိုးရ လုံးဝလက်္မခံ

စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သည့် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို စင်ကာပူအစိုးရက လက်္မခံကြောင်း နေပြည်တော်ရှိ တပ်တွင်းသတင်းရင်းမြစ်များကပြောကြားထားပါ‌ေသးသည်။

စစ်ကောင်စီခေါင်းဆောင်က ၎င်းယုံကြည်ရသူတစ်ဦးကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ခန့်အပ်လိုက်ခြင်းဖြစ်သည်။

သို့သော် ယင်းခန့်အပ်လွှာကို စင်ကာပူအစိုးရက လက်ခံခြင်းမရှိသဖြင့် ခန့်အပ်ခံရသူမှာ နေပြည်တော်တွင်သာ ရှိနေသေးကြောင်းသိရပါသည်။

အောက်တိုဘာလနှောင်းပိုင်းက ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Vivian Balakrishnan က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို မြန်မာပြည်၏ တရားဝင်ခေါင်းဆောင်များအဖြစ် စင်္ကာပူအစိုးရက သဘောထားရှိကြောင်း၊ အာဏာသိမ်းစစ်တပ်ကို အစိုးတစ်ရပ်အနေနှင့် အသိအမှတ်မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။

ယင်းအစည်းအဝေးတွင် ‌ေသာင်းကျန်းသူစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ခွင့် မပြုကြောင်းဆုံးဖြတ်ခဲ့သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *