ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ ဒေဝါလီ အခါသမယအတွက် မေတ္တာပို့ ဆုတောင်းစကားပြောကြား

Unicode:

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ ဒေဝါလီ အခါသမယအတွက် မေတ္တာပို့ ဆုတောင်းစကားပြာကြားခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ပွဲတော်ဆင်နွှဲနေကြသော ညီအစ်ကိုမောင်နှမများနှင့်တကွ စစ်ဘေးသင့်ဇာတိမြေတွင် ရက်စက် ကြမ်းကြုတ်သော အခြေအနေများကြောင့် ဤအခါသမယကို မဆင်နွှဲနိုင်သော မရေမတွက်နိုင်သည့် အခြားသော ပြည်သူများအားလုံးကို နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ယနေ့သည် ဒေဝါလီအခါသမယ၏ အမြင့်ဆုံး နေ့ရက်နှင့် မှောင်မိုက်သောလ၏ နောက်ဆုံးနေ့ရက်ဖြစ်သည်။ မနက်ဖြန်နေ့သည် နေ့သစ်နှင့် တောက်ပသော လ၏အစ ဖြစ်သည်၊ သို့သော် ယနေ့ညတွင် သန်းပေါင်းများစွာသော ဟိန္ဒူဘာသာဝင်များ၊ ဂျိန်းဘာသာဝင်များ၊ ဆစ်ခ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် တို့သည် တစ်ညီတစ်ညွတ်တည်း စုရုံးပြီး ဓလေ့ထုံးတမ်းများ ဝေမျှရင်း မိမိတို့ နေအိမ်များအတွင်း အလင်းရောင်နှင့် နွေးထွေးမှု ယူဆောင်လာစေရန် ရိုးရာ diya ကို ထွန်းညှိကြမည်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် အမှောင်ထုအပေါ် အလင်း၏အောင်ပွဲ၊ အဆိုးအပေါ်အကောင်း၏အောင်ပွဲနှင့် အသိပညာကင်းမဲ့ခြင်းအပေါ် အသိဉာဏ်ပညာရှိခြင်းတို့၏အောင်ပွဲစသည်တို့ကို ဆင်နွှဲနေကြပါသည်။

ဤအခါသမယသည် ယခုနှစ်တွင် မြန်မာနိုင်ငံအတွက် ပိုမိုလေးနက်သော အဓိပ္ပါယ်ရှိသည်။ စစ်အာဏာရှင်စနစ်ဆိုး၏ အမှောင်ထု၊ မကောင်းမှုနှင့် အသိဉာဏ်ကင်းမဲ့ခြင်းများဖြင့် ဝိုင်းရံနေသည့် အတွက်ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ပြည်သူလူထု အများအပြားသည် အစားအသောက်များပြတ်လတ်ခြင်း သို့မဟုတ် မီးထွန်းရန် အိမ်များမရှိကြတော့ သဖြင့် ဤကဲ့သို့သောပွဲတော် (သို့မဟုတ်)အခြားမည်သည့် ပွဲတော်ကိုမဆို မဆင်နွှဲနိုင်ကြတော့ပေ။ ထို့ကြောင့် ယနေ့တွင် ကျွန်ုပ်တို့သည် ဒေဝါလီပွဲကျင်းပနေကြသော နိုင်ငံများနှင့် ဘာသာများမှ ပြည်သူများအားလုံးအပေါ် ပျော်ရွှင်မှု၊ ဘေးကင်းလုံခြုံမှုနှင့် သာယာဝပြောမှု စသည့်မျှော်လင့်ချက်များကို ဖြန့်ကျက်ရင်း မပါဝင်မဆင်နွှဲနိုင်သော သူများသည်လည်း အမြန်ဆုံးလွတ်မြောက်နိုင်ရန် မျှော်လင့်လျက် မေတ္တာပို့ပေးအပ်ပါသည်။ အလင်းကို ဂုဏ်ပြု ဆင်နွှဲရင်း လောက၏အမှောင်ထုကိုလည်း အမြဲသတိထားကြပါ။ အမှောင်ထု၏ လွှမ်းခြုံထားခြင်းခံရသူများအတွက် အလင်းအဖြစ် တည်ရှိနိုင်ရန် ကျွန်ုပ်တို့အားလုံး သန္နိဌာန်ချကြပါစို့ဟုပြာ‌ေဒါက်တာဆာဆာကကြားထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *