ရုရှားရေတပ် ဒုစစ်ဦးစီးချုပ်ခရီးစဉ်မှာ မြန်မာအတွက် ရေငုတ်သင်္ဘောမထားခဲ့ဘူးလို့ ဇော်မင်းထွန်းငြင်းဆိုထားပါသည်။
(ဓညဝတီရေတပ်စခန်းမှာ ရုရှားပညာရှင်တွေ ရောက်နေတယ်လို့ သတင်းထွက်နေ)
မြန်မာနိုင်ငံကို အောက်တိုဘာလ ၂၈ ရက်ကနေ သုံးရက်ကြာရောက်လာတဲ့ ရုရှားရေတပ်ဒုဦးစီးချုပ်ခရီးစဉ်မှာ မြန်မာအတွက် ရေငုတ်သင်္ဘောတွေထားခဲ့တာမရှိဘူးလို့ နစက ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါသည်။
လူမှု့ကွန်ရက်ပေါ်မှာ ဒီသတင်းတွေပျံ့နှံ့နေတာဖြစ်ပြီး ဒါတွေဟာ အခြေအမြစ်မရှိတဲ့သတင်းတွေဖြစ်ပြီး မဟုတ်ဘူးလို့ ထိုသူကပြောပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် ရုရှားစစ်ရေယာဉ် Gremyashiy ဖြင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ရောက်ရှိခဲ့ပြီး သုံးရက်ကြာနေထိုင်ခဲ့ပါသည်။
အဲဒီခရီးစဉ်မှာ ဒုတိယရေတပ်ဦးစီးချုပ်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ဓညဝတီရေတပ်စခန်းမှာ ရုရှားနိုင်ငံသားပညာရှင်တွေတွေရောက်ရှိနေတယ်ဆိုပြီး သတင်းတွေလည်းထွက်ပေါ်နေပါသည်။
ပုံစာ – မြန်မာနိုင်ငံကိုရောက်လာတဲ့ ရုရှားရေတပ်ဒုတိယစစ်ဉီးစီးချုပ်
Zawgyicode: