လေ့ကျင့်ခန်းတွေမှာ ပါ၀င်တဲ့ Crawl သွားရတာမျိုးအတွက်ဒူးတွေ၊တံတောင်တွေ ရင်ဘတ်တွေ ပွန်းတာ၊ပဲ့တာတွေကို
ကာတွန်းဘောင်းဘီလေးက ဘယ်ကာကွယ်ပေးနိုင်မှာလဲ။
ပြည်သူတွေထောက်ပံ့တဲ့ ရိက္ခာဖိုးအပြင် ပိုလျှံခဲ့ရင်တော့Uniformလေးတွေ စုံစုံလင်လင်ဖြစ်အောင်ဆင်ပေးချင်တယ်ဗျာ။Uniform ရှိတဲ့သူတွေကလဲ အတော်ကိုနွမ်းနေတဲ့ Uniform ပါ။
စစ်စိမ်းရောင်ကနေ အဖြူဘက်ကိုရောက်နေပြီ။ဒူး၊တံတောင်နေရာတွေဆို အတော့်ကိုပါးနေပါပြီဗျာ။ဒီမိန်းကလေးတွေဟာ အိမ်ကျွေးတာ ဒူးနှံ့စား Make-upလေးလိမ်း ဓာတ်ပုံရိုက် Fbတင် လှနေရမယ့်အချိန်အမှန်တရားအတွက်တိုက်မယ်ဆိုတဲ့ ခံယူချက်နဲ့ကျွန်တော်တို့စခန်းမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီး
ပြည်သူ့အတွက် စစ်ပညာသင်ကြားနေကြပြီ။
သူတို့ခင်ဗျာ ဖုန်းတွေပါအပ်ထားရတော့
သူတို့လိုအပ်နေတဲ့ Uniform အတွက်
အိမ်လဲအကူညီ တောင်းလို့မရခဲ့ဘူးလေ။
Uniform လိုအပ်ချက်နဲ့ပတ်သတ်ပြီးတော့
ကျွန်တော်အတွက် မုန့်ဖိုးလေးထဲက Quality ကောင်းတဲ့Uniform (3) ထည် တတ်နိုင်သလောက်ကူညီပါမယ်ခင်ဗျာ။
အရေးပေါ်လိုအပ်နေရင်တော့ လက်ရှိ ကျွန်တော့်ရဲ့Uniform အဟောင်းတစ်ထည် အသစ်တစ်ထည်ကိုသူတို့လေးတွေအတွက် ပေးဖို့အသင့်ပါပဲခင်ဗျာ။Uniform အရေအတွက်ကတော့ အတော်ကိုလိုပါတယ်။
ကူညီမယ့်ပြည်သူတွေရှိရင် People’s Defense Force – TC တပ်ခွဲရုံး သို့ဖြစ်စေ ကျွန်တော်တို့ Fundraisers များထံတွင် တိုက်ရိုက်
ဆက်သွယ်ကူညီပေးလို့ရပါတယ်ခင်ဗျာ။