NUG အစိုးရအနေဖြင့် ဒေါ်လာသန်း ၈၀၀ရရှိနေပြီ

NUG က ကာကွယ်ရေး အသုံးစရိတ်မပါ လျာထားဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေးအသုံး စရိတ် မပါသေးဘဲ လျာထားဘတ်ဂျက်သည် ကျပ်ဘီလီယံ ၁၄၀၀ (သို့မဟုတ်) အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိရှိကြောင်း NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးပြည် ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။

အဆိုပါ လျာထားဘတ်ဂျက််ကို အောင်လံလွှင့်ချီနွေဦးထီ၊ ငွေတိုက်စာချုပ်နှင့် အခွန်အကောက် ရငွေများမှ ရရှိရန် လျာထားပြီး CDM ဝန်ထမ်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော ရဲနှင့် တပ်မတော်သားများ ထောက်ပံ့ရေးကို အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

၎င်းက ဆက်လက်၍ ” နိုဝင်ဘာလလယ်မှာ တော်လှန် ရေး အထူးငွေတိုက် စာချုပ်တွေကို ထုတ်ရောင်းသွားဖို့ရှိပါတယ်။ ဒီငွေတိုက်စာချုပ်က တော်လှန်ရေးအတွက် အဓိကလိုအပ်နေတဲ့ မဖြစ်မနေ ရရှိဖို့ လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများကို အစိုးရတရပ်က ပြည်သူ့ဆီက တရားဝင်ငွေချေးတဲ့ သဘောပါပဲ” ဟု ပြောသည်။

ထိုငွေတိုက်စာချုပ်များကို ၂ နှစ်သက်တမ်း သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ တန် ဟူ၍ လေးမျိုးရှိမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ဝန်းကျင်အထိ ထုတ်ရောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *