၈၈ ကျောင်းသားခေါင်းဆောင်ကိုမြအေး အင်းစိန်ထောင်ကနေ အပြင်ဆေးရုံမှာ ဆေးကုသခံယူနေရ  

Unicode:

၈၈ ကျောင်းသားခေါင်းဆောင်ကိုမြအေး အင်းစိန်ထောင်ကနေ အပြင်ဆေးရုံမှာ ဆေးကုသခံယူနေရကြာင်းသိရှိရပါသည်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှု့စတင်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်း က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးဟာ အင်းစိန် ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာတာကြောင့် အပြင်ဆေးရုံမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ရက်နေ့ကစပြီး ဆေးကုသမှုခံယူနေရတယ်လို့ရှေ့နေဖြစ်သူကပြောပါသည်။

ခြေထောက်ဒဏ်ရာကနေ ပိုးဝင်ယောင်ယမ်းနေတာကို အောက်တိုဘာ လဆန်းပိုင်းကတည်းက ဆေးရုံတက်ကုသမှုလုပ်ဖို့ပြောခဲ့ပေမဲ့ ကိုမြအေးက ငြင်းပယ်ခဲ့ပြီး အောက်တိုဘာ ၁၁ညပိုင်းမှာတော့သတိလွတ်မေ့မြောသွားခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာရှေ့နေကပြောပါသည်။

“ ကိုမြအေးက ရှေ့နေနဲ့တွေ့ခွင့်ပေးပါဆိုပြီးတောင်းဆိုတယ်၊ ကျွန်မမြင်လိုက်ရတဲ့ကိုမြအေးနဲ့အရင်တုန်းကရုံးထုတ်တုန်းကမြင်ရတဲ့ ကိုမြအေးအရမ်းခြားနားသွားတယ်။ မပြောကောင်းမဆိုကောင်းမျက်လုံးထဲမှာ သေများသေသွားမလားဆိုတဲ့စိုးရိမ်စိတ်ဖြစ်သွားတယ်။ ခြေထောက်ကလည်း တော်တော်လေးယောင်ကိုင်းဖောင်းကားနေတယ်။ အခုချိန်ထိဆေးကုသမှုခံနေရတယ်။ ဆရာဝန်ကပြောတယ် ကိုမြအေးအရမ်းကံကောင်းတယ် ဆေးရုံရောက်တာမြန်သွားလို့ မဟုတ်ရင် သူတို့ပြောပုံအရဆိုရင် ကိုမြအေးရဲ့ခြေထောက်က နှလုံးလဲဖြစ်ထားတော့အကြောလေးတွေစပြီးကုတ်ရင်းနဲ့ပိုးဝင်ထားတော့ ပိုးကဘယ်လောက်ဆိုးလဲဆိုတော့ ခြေထောက်ကနေ နှလုံးဘက်ကိုပြန်ပြီး အရိုးနဲ့အရေပြားကြားထဲကနေ ပြန်ဝင်ပြီးနှလုံးကို ဒုက္ခပေးပြီး အသက်သေဆုံးတဲ့အထိဖြစ်နိုင်တယ်” လို့ ကိုမြအေးရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်ရဲ့ပြောဆိုချက်ကို ရှေ့နေဖြစ်သူ ဒေါ်သဉ္ဇာဦးကပြောပါသည်။

လက်ရှိမှာတော့ ခြေထောက်ဒဏ်ရာကို ခွဲစိပ်ကုသရန်မလိုသေးပေမယ့်ကိုမြအေးကတော့ ကျန်းမာရေးကောင်းမွန်တဲ့အထိအပြင်ဆေးရုံမှာ ကုသခွင့်ရဖို့တောင်းဆိုမှုတွေ လုပ်ထားတယ်လို့ရှေ့နေကဆက်ပြောပါသည်။

ကိုမြအေးဟာ လွန်ခဲ့တဲ့ ၇နှစ်က အီးမေးလ်တစ်စောင်ကို အကြောင်းပြုပြီးလူမျိုးတမျိုးကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (ဂ)နဲ့တရားစွဲခံထားရပြီး အင်းစိန်ထောင်ထဲမှာ တရားရင်ဆိုင်နေရတာဖြစ်ပါသည်။

လက်ရှိမှာတော့ ကိုမြအေးကိုစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေ ၃ယောက်မှာ၂ယောက်ကိုပဲ စစ်ဆေးထားပြီး အမိန့်ချဖို့လည်း အချိန်အတော်ကြာလိုသေးတယ်လို့ ကိုမြအေးရဲ့ရှေ့နေ ဒေါ်သဉ္ဇာဦးကပြောပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *