Unicode:
မကွေးမှာ နှာခေါင်းစည်း Mask တပ်ဆင်သူတွေကို ဒဏ်ငွေ ကျပ် ၅၀၀ တပ်ရိုက်ေန
မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ နှာခေါင်းစည်း Mask တပ်ဆင်ထားသူတွေ စစ်ေကာင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒဏ်ငွေတပ်ရိုက်နေပြီး Mask ဝတ်ဆင်လာရင် ဒဏ်ငွေ ကျပ် ၅၀၀ စီ ကောက်ခံနေတယ်လို့ သိရှိရပါသည်။
မကွေးမြို့က တိုးဂိတ်နေရာတွေမှာ Mask တပ်ဆင်လာသူတွေကို ဒဏ်ငွေတပ်ရိုက်နေတာဖြစ်ပြီး အပြင်ထွက်လို့ ဖုန်းယူမလာသူတွေဟာလည်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လမ်းမှာဆုံရင် ဒဏ်ငွေ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါသည်။
“ဟုတ်ပါတယ်ဗျ။ အဲ့လိုကို လုပ်နေကြတာပါ။ သူတို့ကတော့ လုံခြုံရေးအတွက်ဆိုပြီး အကြောင်းပြတာပေါ့။ တကယ်က ဘာမှ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာပါ”လို့ မကွေးဒေသခံတစ်ယောက်က ပြောပါသည်။
ဧရာ၀တီတိုင်းဒေသကြီးက ဘိုကလေးမြို့နဲ့ မော်လမြိုင်ကျွန်းမြို့တွေမှာလည်း Mask တပ်ရင် ဒဏ်ငွေ ၅၀၀၊ အပြင်ထွက်လို့ ဖုန်းယူမလာရင် ဒဏ်ငွေ ၅၀၀၀ တပ်ရိုက်ကောက်ခံနေတယ်လို့ သတင်းကြားသိရှိရပါသည်။
ကိုဗစ်ရောဂါကူးစက်ပျံ့ပွားနေချိန်မှာ နှာခေါင်းစည်း Mask တပ်ဆင်ဖို့၊ လက်ဆေးဖို့နဲ့ သတ်မှတ်အကွာအဝေး Social Distancing စနစ်နဲ့ နေထိုင်လုပ်ကိုင်ဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဆက္မပြတ် တိုက်တွန်းနေချိန်မှာပဲ မြန်မာနိုင်ငံက နယ်မြို့တွေမှာ Mask တပ်ရင် ဒဏ်ရိုက်တယ်ဆိုတဲ့ အံ့အားသင့်ဖွယ်ရာ အလေ့အထ ထွက်ပေါ်လာတာပဲဖြစ်ပါသည်။
လက်ရှိမှာ ကိုဗစ်မျိုးကွဲသစ်တွေက အဆက်မပြတ်ထွက်ပေါ်နေလို့ Mask တပ်ခြင်းကသာလျှင် ထိရောက်တဲ့နည်းလမ်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးသွားရင်လည်း Mask တပ်ဆင်ဖို့ လိုကြောင်း WHO က သတိပေးနေပါသည်။
Zawgyicode: