Mytel တာဝန်ခံ ဗိုလ်မှူးတစ်ဦး ယနေ့မနက်တွင် အပစ်ခံရပြီးသေဆုံး

မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့်ဇနီးမောင်နှံကို စီစစ်ဆဲသေနတ်သမားကနိုဝင်ဘာလ ၄ ရက်နံနက် ၇း၃၀ နာရီအချိန်တွင်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဦးသိန်းအောင်နှင့် ဇနီးဒေါ်သိမ့်အောင်သူတို့သည်လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်နေသော သေနတ်သမားကပစ်ခတ်ရာ ဦးသိန်းအောင်မှာကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူဦးသိန်းအောင်သည်Mytel ရဲ့အဓိက အရေးပါတဲ့နေရာမှာ ပါဝင်သူဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း) DSA 28intake (ဇနီးDrသိမ့်အောင်သူ)သည်
အရင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော်ကိုယ်ရေး အရာရှိဖြစ်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်(ဦးအောင်သောင်းသား)နှင့် အလွန်ရင်းနှီးတဲ့ အပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။

လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့လည်း အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း ယင်းတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ mytel လုပ်ငန်းစုမှာ အဓိကကျတဲ့နေရာမှာ ပါဝင်နေသော်လည်း သူကိုယ်တိုင် ရှေ့ထွက်ခြင်းမရှိခဲ့ပါ။ တချို့ပွဲများတွင် သူ့အမျိုးသမီးသာ ဖွင့်ပွဲတွေမှာ တွေ့ရလေ့ရှိပြီး တကယ့်အရေးပါတဲ့ mytelမှာ ပါဝင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထောက်တိုင်တယောက်ဖြစ်ပါသည်။

ဗိုလ်လ်မှူးသိန်းအောင်(ရေ-ငြိမ်း) အသုံးပြုသောကားအများစုမှာလဲ တပ်မတော်ပိုင်ယာဉ်တွေဖြစ်နေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။

ဗိုလ်မှုးသိန်းအောင်လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် အတွက် ကာကွယ်ရေးဦးစီးချုပ်ရေဒုဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်လေ ဒုဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဗိုလ်ချုပ်ထွန်းထွန်းညီ(ကကပြည်) အောင်ပြည့်စုံ(မင်းအောင်လှိုင်သား) ထိပ်ပိုင်းစစ်ခေါင်းဆောင်များ အထူးတုန်လှုပ်သွားကြောင်းသတင်းရရှိသည်။

The River View TRN
DDay Channel

Leave a Reply

Your email address will not be published. Required fields are marked *