မန္တလေး၌ မြို့ပတ်ရထားနှင့် မြေအောက်မြို့ပတ်ရထား ပြေးဆွဲနိုင်ရေး ကြိုတင်စီစဉ်ရန် မင်းအောင်လှိုင်ပြောကြား

Unicode:

မန္တလေး၌ မြို့ပတ်ရထားနှင့် မြေအောက်မြို့ပတ်ရထား ပြေးဆွဲနိုင်ရေး ကြိုတင်စီစဉ်ရန် စစ်ကောင် ဥက္ကဌ ပြောကြား

မန္တလေးမြို့၌ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation)အတွက် မြို့ပတ်ရထားနှင့် မြေအောက်္မြို့ပတ် ရထားလမ်းများ တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး၍ စီစဉ်ထားရန် လိုကြောင်း စစ်ကောင်စီ ဥက္ကဌ က ပြောပါသည်။

ယနေ့ နိုဝင်ဘာ(၃)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး တိုင်းကောင်စီဝင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြောင်း စစ်တပ်ပိုင် MWD က ဖော်ပြသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါက ကိုယ်ပိုင် မော်တော်ယာဉ် သုံးစွဲမှု လျော့ကျပြီး စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်မည်ဟု ၄င်းက ဆိုသည်။

ထို့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို လျှပ်စစ်ဓာတ်အား သုံးစွဲ၍ လုပ်ဆောင်နိုင်ရေး ရည်မှန်းချက်ထားရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲကာ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်နိုင်ပါကလည်းး စက်သုံးဆီ သုံးစွဲမှု့ လျှော့ချနိုင်မည်ဟု ၄င်းက ပြောပါသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် လုပ်ဆောင်ရန်နှင့် စံပြ ၀ါဂွမ်းစိုက်ပျိုးသည့် တိုင်းဖြစ်လာစေရေး လုပ်ဆောင်ကြရန်လည်း ၄င်းက မှာကြားခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *