အစ္စရေးလ်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု့ (ဓာတ်ပုံမှတ်တမ်း)

Unicode:

အစ္စရေးလ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု့ ဆန္ဒထုတ်ဖော်ပွဲတရပ်ကို အောက်တိုဘာ ၃၁ ရက်နေ့က အစ္စရေးလ်နိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး အဆောက်အဦရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဲဒီဆန္ဒထုတ်ဖော်ပွဲကို အစ္စရေးလ်နိုင်ငံရောက် မြန်မာနိုင်ငံသား ၅၀ ဦးခန့်နဲ့ အစ္စရေးလ်နိုင်ငံသားတစ်ချို့ ပါဝင်တက်ရောက်ပြီး Chevron နဲ့ Total ကုမ္ပဏီတွေက စစ်ကောင်စီထံ ‌ငွေကြေးစီးဆင်းမှု့ မရှိစေရေး၊ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးတို့ကို ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

ဒါ့အပြင် စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့က ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *