စစ်ကောင်စီက အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု ‌ေကြငြာ

Zawgyicode:

စစ်ကောင်စီက အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု‌ေကြငြာခဲ့ပါသည်။

စစ်‌ေကာင်စီက နိုဝင်ဘာလ ၁ ရက်နေ့ မြန်မာနိုင် ငံတဝှမ်း မြို့နယ် ၄၆ မြို့နယ်မှအပ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအတန်းအားလုံး ၃လ ခွဲကြာ သင်ကြားပြီးနောက် လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတတိယအပတ်တွင် အတန်းတင်စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ၏ အခြေခံပညာဦးစီးဌာနက အဆိုပါ ၃လခွဲတာကာလနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများပြန်လည်ရေးဆွဲထားပြီးဖြစ်ကာ ယခင် နွေရာသီအမှီကာလအတွင်း အတန်းတင်စာမေးပွဲများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

“ယခုနှစ်စာသင်နှစ်က ၁၄ပတ်(၃လခွဲ)တာ ကာ လဘဲရှိမယ်။ အဲ့ဒီကာလနဲ့ကိုက်ညီအောင် သင်ရိုး ညွှန်းတမ်းရေးဆွဲထားပြီး တိုင်းနဲ့ပြည်နယ်အား လုံးကိုပို့ပေးထားပြီးဖြစ်တယ်။ အဲ့ဒီအတိုင်းသင် ကြားပြီးရင် ဖေဖော်ဝါရီလထဲမှာ အရင်အတိုင်းဘဲ စာမေးပွဲတွေစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု စစ်ကောင်စီလက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာ န အခြေခံညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် က စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့် MRTVသို့ ဖြေကြားထားသည်။

ယင်း ၃လခွဲတာ ကာလအတွင်း သင်ရိုးညွှန်းတမ်းများပြတ်အောင်သင်ကြား၍ စာမေးပွဲစစ်ဆေးရမည်ဖြစ်ပြီး ယခင် နှစ်စဥ် ကျောင်းပိတ်နေကျဖြစ်သည့် ရက်တိုကျောင်းပိတ်ရက်္များကိုပါ လျှော့ချကာ သင်ကြားရနိုင်ကြောင်း သိရှိရသည်။

“ဒီ သင်ရိုးကို ၃လ ခွဲနဲ့ပြတ်အောင်သင်ရမယ်လို့တော့ သိရတယ်။ ဒီကြားထဲက ဒီဇင်ဘာပိတ်ရက်တွေ အများပြည်သူရုံးပိတ်ရက်တွေပါ ပိတ်ရက်တွေလျှော့မှာလို့သိရတယ်။ လိုအပ်ရင် စနေ၊ တနဂ်နွေတွေပါသင်ရမယ်လို့တော့သိထားတယ်”ဟု ဧရာဝတီတိုင်းအတွင်းက လုပ်သက် ၇ နှစ်ရှိ Non-CDM အခြေခံပညာသင်ကြားရေးဝန်ထမ်းတစ်ဦးက ပြောပါသည်။

Zawgyicode:

စစ်ကောင်စီက အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု‌ေကြငြာခဲ့

Leave a Reply

Your email address will not be published. Required fields are marked *