ကိုဗစ်တတိယလှိုင်းပြီးသွားပြီလို့ ဒေါက်တာခင်ခင်ကြီးပြော

(၁၄) ရက်ဆက်တိုက် ပိုးတွေ့မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ဆက်ရှိနေပါက တတိယလှိုင်း ပြီးပြီ ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီး ပြော

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း ပြန်လည်ကျဆင်းလာပြီဖြစ်ကာ နောက်ထပ် (၁၄) ရက်ဆက်တိုက် ပိုးတွေ့မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ဆက်ရှိနေပါက တတိယလှိုင်းပြီးပြီ ဖြစ်တယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီး ကပြောဆိုလိုက်ပါတယ်။

မနေ့ကနိုဝင်ဘာလ (၂) ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ (၅) သိန်းကျော်ရှိပြီး၊ ဆေးရုံကဆင်းခွင့်ရသူ (၄၇၀၀၀၀) ကျော်နဲ့ သေဆုံးသူ (၁၈၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

” အောက်တိုဘာ (၂၄) ရက်စပြီး ကိုဗစ်ရောဂါ တွေ့ရှိမှု (၅) ရာခိုင်နှုန်းအောက်ရောက်တာ ၁၀ရက်တိတိရှိသွားပါပြီ။ (၁၄) ရက်ဆက်တိုက်သာ (၅)ရာခိုင်နှုန်းအောက်ဆက်ရှိရင် တတိယလှိုင်းပြီးပြီ”လို့ သူက ပြောပါတယ်။

(၁၄) ရက်ဆက်တိုက် ပိုးတွေ့ရှိမှုနှုန်း (၅)ရာခိုင်နှုန်းအောက်ကျပါက တတိယလှိုင်းပြီးပြီဆိုခြင်းမှာ Epidemiology ပညာရပ်မှာ ဖော်ပြပြောဆိုထားခြင်းဖြစ်ပြီး စတုတ္ထလှိုင်း မလာရန် ကြိုးစားရမယ်လို့ ဒေါက်တာခင်ခင်ကြီး ကပြောဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်း ကူးစက်မခံရအောင် အစီအမံတွေ စီစဉ်ဆောင်ရွက်ထားတယ်လို့ သူကပြောဆို ခဲ့သူဖြစ်ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *