နောက်ဆုံးတော့ သားရဲ့ Db ကို
ရှာတွေ့ခဲ့ပါပြီကျဆုံးတယ်လို့သိရချိန်ကနေ Db ရတဲ့နေ့ထိရက်ပေါင်း (၄၀) တိတိ ကြာခဲ့ပါတယ်။
ဒီရက်တွေမှာ သားကိုချစ်တဲ့စိတ်နဲ့
တနေရာရာမှာ အသက်ရှင်နေပါစေ…ဆိုတဲ့
မရဲတရဲ မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလဲ
အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
သားကိုရှာဖွေပေးဖို့ အချိန်တိုင်းတောင်းဆိုနေခဲ့ပေမယ့်တကယ်လက်တွေ့ သားအတွက် Mission စမယ်လို့ အသိပေးလာတဲ့ ဖုန်းသံတိုးတိုးလေးဟာ၊အနားမှာအကျယ်ကြီး ပေါက်ကွဲသွားတဲ့အသံလိုကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေမိတယ်။
ဒီရက်တွေမှာ Confirm မဖြစ်တဲ့ သတင်း ၂ ခု
ကြောင့်လဲ ဝမ်းနည်းပူဆွေးသောကတွေကြားထဲကနေစိုးရိမ်ပူပန်စိတ်တွေက ပိုများစေခဲ့ပါတယ်။
သတင်းတစ်ခုကတော့၊ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံရွာသားတွေက၊ ထိတွေ့မှုဖြစ်ခဲ့တယ်ဆိုတဲ့ နေရာမှာ ဘာ db မှ မတွေ့သလို၊ ဘာအနံ့မှ မရဘူး ဆိုတာပါ။
ဒီသတင်းသာမှန်ခဲ့ရင် နောက်ထပ်သတင်းတစ်ခုကသားအတွက် မစဥ်းစားရဲအောင် စိုးရိမ်စရာတွေဖြစ်သွားပါပြီ။
သားတို့အဖွဲ့သွားရှာချိန်၊ အဲဒီနေရာမှာကျည်ဆံအခွံတွေ၊လက်နက်ကြီးရဲ့ အစအနတွေတွေ့ပြီး၊ သားရှိတဲ့နေရာနားထိ ရောက်နေတာတောင် သားကိုရှာမတွေ့ပါဘူး၊အနံမရကြဘူး။
နောက်ဆုံး သူနဲ့အတူရှိခဲ့တဲ့ မိန်းခလေးကို
ဖုန်းဆက်ပြီး နေရာညွန့်ပြခိုင်းမှ သားကို
ရှာတွေ့ခဲ့တာပါ။အခြေအနေမတည်ငြိမ်တဲ့ကာလ၊ ထိတွေ့မှုတွေနေ့စဉ်နီးပါးဖြစ်နေတဲ့နယ်မြေ၊ ရက်(၄၀)ကြာခဲ့ပြီးdb ကိုအကောင်းပကတိ မရနိုင်တော့တာတောင်မှသားကိုရှာဖွေပေးခဲ့တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ သားတို့အဖွဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။
zawgyi/