Unicode:
ယခုတစ်လောစစ်ေကာင်စီ အဖွဲ့တွေဟာ တပ်မတော် ထောက်ခံပွဲတွေ၊ကျောင်းဖွင့်နိုင်ဖို့အရေးတွေ
အားစိုက် လုပ်ဆောင်နေကြောင်းသိရှိရပါသည်။
အဲသလိုတွေ ဘာ့ကြောင့် အလျင်စလို
လုပ်ဖို့ ကြိုးစားနေရသလဲ။အဲဒါတွေနဲ့ နောက်မှာ စစ်ကောင်စီ ဘာတွေဘယ်လိုရည်ရွယ်နေပါသလဲ။
ကျောင်းသားမိဘတွေအနေနဲ့ ကိုယ့်သားသမီးကို
ကျောင်းတတ်စေချင်ကြတာ အပြစ်မဆိုသာပါဘူး။ဒါပေမဲ့ သားသမီးရဲ့ အကျိုးကိုလိုလားတဲ့မိဘတွေအနေနဲ့ စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိထားသင့်ပါသည်။
ယခုလတ်တစ်လော ထန်တလန်ကိစ္စအပါအဝင်
စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာအလယ်မှာ စကစဟာ အရှက်ရ စရာဖြစ်နေခဲ့တာပါ။အဲတာနဲ့တစ်ပြိုင်နက် NUG / PDF တွေဟာ အများအသိအမှတ်ပြု လေးစားရတဲ့ တရားဝင် အဖွဲ့အစည်းတွေဖြစ်လာနေတာပါပဲ။
ဆိုတော့ စစ်ေကာင်စီရဲ့ ပုံရိပ်ဟာ ပိုပိုကျဆင်းလာနေပြီးNUG/PDF တွေရဲ့ ပုံရိပ်ဟာ ပိုပိုတရားဝင်လာနေပါသည်။ဒါကို မကျေမနပ်ဖြစ်ပြီး တားဆီးချင်နေတဲ့ စကစအဖွဲ့ဟာNUG/ PDF အဖွဲ့တွေကို ပုံဖျက်ဖို့ ကြိုးစားကြံစည်နေပါသည်။
စစ်ေကာင်စီ ဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆို ဘာမဆို လုပ်ရဲတယ်ဆိုတာကိုလည်း လူသိရှင်ကြား ပြောထားခဲ့ဖူးပါတယ်။နိုင်ငံတကာအလယ်မှာ
တဖြည်းတဖြည်းအသိအမှတ်ပြုခံလာရတဲ့
NUG / PDF အဖွဲ့တွေကို ပုံဖျက်ဖို့ဆို…စစ်ကောင်စီ ကြမ်းဖက်သမားတွေဟာတပ်မတော်တော် ထောက်ခံပွဲက လူတွေ၊ပြီးတော့ အဆိုးဆုံးကျောင်းသား/သူ ကလေးသူငယ်တွေကိုပါစတေးဖို့ အထိ မိုက်မဲစွာ ကြံစည်နေတာဖြစ်ပါသည်။
မကြာခင်ရက်ပိုင်းတွေမျာ စစ်ကောင်စီတွေကိုယ်တိုင် တပ်မတော်ထောက်ခံပွဲတွေအပြင်၊
ဆရာ/မ နဲ့ ကျောင်သား/သူတွေကို အတင်းအဓမ္မဖိအားပေးပြီး ဖွင့်ထားတဲ့ ကျောင်းတွေမှာလည်း အကြမ်းဖက်ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်ပါသည်။
ပြီးတော့ NUG/PDF အဖွဲ့ရဲ့ လက်ချက်ပါဆိုပြီး ယိုးစွပ်ကြပါလိမ့်မယ်။မိဘပြည်သူများအနေနဲ့ ကိုယ်သားသမီး ကျောင်းသား/သူတွေတွေကို စကစ ထိုးကျွေးစတေးပစ်မဲ့ ဓားစားခံလေးတွေ မဖြစ်ဖို့ အထူးသတိထားသင့်ပါသည်။
အူကြောင်ကြားနဲ့ နေ့စားခယူ လိုက်တဲ့ တပ်မတော် ထောက်ခံပွဲက အုပ်စုကြီးလည်း စစ်ေကာင်စီ ရဲ့ စတေးခံအကောင်ငယ်လေးတွေမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းတယ်။ဆိုတော့ ပြည်သူလူထုကြားမှာနောက်လာမဲ့ရက်ပိုင်း၊ လပိုင်းတွေမှာ ဖြစ်ပေါ်လာမဲ့ အကြမ်းဖက်များဟာ စကစရဲ့ လက်ချက်၊ လုပ်ကြံဇာတ်သာဖြစ်ကြောင်း ကြိုပြောထားပါရစေ။
မည်သည့်အကြမ်းဖက်္မျိုးကိုမဆို စစ်ကောင်စီ မှာသာ တာဝန်အပြည့်အဝရှိပါကြောင်း၊ အပြည့်အဝ တာဝန်ခံရမည်ဖြစ်သည်။
Zawgyicode:
ယခုတစ်လောစစ်ေကာင်စီ အဖွဲ့တွေဟာ တပ်မတော် ထောက်ခံပွဲတွေ၊ကျောင်းဖွင့်နိုင်ဖို့အရေးတွေ
အားစိုက် လုပ်ဆောင်နေကြောင်းသိရှိရပါသည်။
အဲသလိုတွေ ဘာ့ကြောင့် အလျင်စလိုလုပ်ဖို့ ကြိုးစားနေရသလဲ။အဲဒါတွေနဲ့ နောက်မှာ စစ်ကောင်စီ ဘာတွေဘယ်လိုရည်ရွယ်နေပါသလဲ။
ကျောင်းသားမိဘတွေအနေနဲ့ ကိုယ့်သားသမီးကိုကျောင်းတတ်စေချင်ကြတာ အပြစ်မဆိုသာပါဘူး။ဒါပေမဲ့ သားသမီးရဲ့ အကျိုးကိုလိုလားတဲ့မိဘတွေအနေနဲ့ စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိထားသင့်ပါသည်။
ယခုလတ်တစ်လော ထန်တလန်ကိစ္စအပါအဝင်စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာအလယ်မှာ စကစဟာ အရှက်ရ စရာဖြစ်နေခဲ့တာပါ။အဲတာနဲ့တစ်ပြိုင်နက် NUG / PDF တွေဟာ အများအသိအမှတ်ပြု လေးစားရတဲ့ တရားဝင် အဖွဲ့အစည်းတွေဖြစ်လာနေတာပါပဲ။
ဆိုတော့ စစ်ေကာင်စီရဲ့ ပုံရိပ်ဟာ ပိုပိုကျဆင်းလာနေပြီးNUG/PDF တွေရဲ့ ပုံရိပ်ဟာ ပိုပိုတရားဝင်လာနေပါသည်။ဒါကို မကျေမနပ်ဖြစ်ပြီး တားဆီးချင်နေတဲ့ စကစအဖွဲ့ဟာNUG/ PDF အဖွဲ့တွေကို ပုံဖျက်ဖို့ ကြိုးစားကြံစည်နေပါသည်။
စစ်ေကာင်စီ ဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆို ဘာမဆို လုပ်ရဲတယ်ဆိုတာကိုလည်း လူသိရှင်ကြား ပြောထားခဲ့ဖူးပါတယ်။နိုင်ငံတကာအလယ်မှာ
တဖြည်းတဖြည်းအသိအမှတ်ပြုခံလာရတဲ့NUG / PDF အဖွဲ့တွေကို ပုံဖျက်ဖို့ဆို…စစ်ကောင်စီ ကြမ်းဖက်သမားတွေဟာတပ်မတော်တော် ထောက်ခံပွဲက လူတွေ၊ပြီးတော့ အဆိုးဆုံးကျောင်းသား/သူ ကလေးသူငယ်တွေကိုပါစတေးဖို့ အထိ မိုက်မဲစွာ ကြံစည်နေတာဖြစ်ပါသည်။
မကြာခင်ရက်ပိုင်းတွေမျာ စစ်ကောင်စီတွေကိုယ်တိုင် တပ်မတော်ထောက်ခံပွဲတွေအပြင်၊
ဆရာ/မ နဲ့ ကျောင်သား/သူတွေကို အတင်းအဓမ္မဖိအားပေးပြီး ဖွင့်ထားတဲ့ ကျောင်းတွေမှာလည်း အကြမ်းဖက်ဖောက်ခွဲမှု့တွေ ဖြစ်လာနိုင်ပါသည်။
ပြီးတော့ NUG/PDF အဖွဲ့ရဲ့ လက်ချက်ပါဆိုပြီး ယိုးစွပ်ကြပါလိမ့်မယ်။မိဘပြည်သူများအနေနဲ့ ကိုယ်သားသမီး ကျောင်းသား/သူတွေတွေကို စကစ ထိုးကျွေးစတေးပစ်မဲ့ ဓားစားခံလေးတွေ မဖြစ်ဖို့ အထူးသတိထားသင့်ပါသည်။
အူကြောင်ကြားနဲ့ နေ့စားခယူ လိုက်တဲ့ တပ်မတော် ထောက်ခံပွဲက အုပ်စုကြီးလည်း စစ်ေကာင်စီ ရဲ့ စတေးခံအကောင်ငယ်လေးတွေမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းတယ်။ဆိုတော့ ပြည်သူလူထုကြားမှာနောက်လာမဲ့ရက်ပိုင်း၊ လပိုင်းတွေမှာ ဖြစ်ပေါ်လာမဲ့ အကြမ်းဖက်များဟာ စကစရဲ့ လက်ချက်၊ လုပ်ကြံဇာတ်သာဖြစ်ကြောင်း ကြိုပြောထားပါရစေ။
မည်သည့်အကြမ်းဖက်္မျိုးကိုမဆို စစ်ကောင်စီ မှာသာ တာဝန်အပြည့်အဝရှိပါကြောင်း၊ အပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်းပါ ခင်ဗျာ။ပြည်သူလူထုတစ်ရပ်လုံး ဘေးရန်ကင်းကွာကြပါစေ။စစ်အာဏာရှင်စနစ်ကျရှုံးပါစေ။