မန္တလေးမြို့ပေါ်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်စွာချထား

Unicode:

မန္တလေးမြို့ပေါ်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်စွာဖြန့်ကျပ်ထားကြောင်းသိရှိရပါသည်။

မန္တလေးမြို့၏ အဓိကလမ်းမကြီး နေရာအချို့၌ ယနေ့ နိုဝင်ဘာလ (၃)ရက် နံနက်ပိုင်းတွင် စကစ လုံခြုံရေး တင်းကျပ်ထားမှု့များ ရှိနေကြောင်း သတင်းရရှိပါသည်။

“၇၃ လမ်း ကျုံးဘေးကနေ တက္ကသိုလ်ရောက်တဲ့အထိကို တစ်ပြမှာ နှစ်ယောက်စီ ရှိတယ်။ လမ်းအနောက်ဘက်ခြမ်းမှာ စောင့်နေကြတာ၊ ကင်းပုန်းသဘောမျိုးပေါ့။ အချို့နေရာမှာ စစ်သားချည်းပဲ၊ အချို့နေရာကျ ရဲနဲ့ စစ်သားနဲ့ ထားတယ်။ ယာဉ်ထိန်းအချို့လည်း တွေ့ရတယ် ” ဟု ဒေသခံတစ်ဦးက ပြောဆိုထားပါသည်။

ရရှိထားသည့် သတင်းများအရ မန္တလေးတက္ကသိုလ်အနီးရှိ ဗန်းမော်ကျောင်းတိုက်တွင် အလယ်ပိုင်းတိုင်းမှူး (သို့မဟုတ်) စစ်ခေါင်းဆောင်တစ်ဦးက ဆွမ်းဆက်ကပ်မည့် အစီအစဉ်ရှိသည်ဟု သိရှိရပါသည်။

မန္တလေးမြို့ ကျုံးအနောက်ဘက် (၂၂)လမ်းတလျှောက်၌လည်း စစ်ကောင်စီလုံခြုံရေးများ အပြည့်ချထားသည်ကို ‌တွေ့ရပြီး အခြားနေရာများ၌လည်း တစ်မြို့လုံးနီးပါး ကင်းပုန်းချထားကြောင်း မြို့ခံများက ဆိုကြပါသည်။

ယင်းအပြင် သေနတ်အသင့်ချိန်ထားသည့် စစ်ကောင်စီ ယာဉ်တစ်စီးချင်းလည်း လှည့်လည်သွားလာလျှက် ရှိနေပြီး နေရာအချို့၌ ဆိုင်ကယ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ ထပ်မံ သိရှိရပါသည်။

Zawgyicode:

မန္တလေးမြို့ပေါ်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်စွာချထားကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *