အွန်လိုင်းမီဒီယာကို ထိန်းချုပ်ဖို့ ရုပ်သံဥပဒေမှာ စစ်ကောင်စီက ထောင်ဒဏ်‌ေတွထပ်တိုး

စစ်ကောင်စီ ဥက္ကဋ္ဌက အာဏာသိမ်းတာ ၉ လပြည့်တဲ့နေ့မှာပဲ ထောင်ဒဏ်တွေ တိုးမြှင့်ထားတဲ့ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို လက်္မှတ်ရေးထိုး ပြင်ဆင်လိုက်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုတာကို အရင်က အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်မှုတွေက အကျုံးမဝင်ပါဘူး။အခု ဥပဒေပြင်ဆင်ချက်အရ အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းလို့ ပြင်ဆင်လိုက်လို့ အရင်က ရုပ်သံလွှင့်မီဒီယာကြီးတွေနဲ့ပဲဆိုင်တဲ့ ဥပဒေဟာ လူမှုကွန်ရက်ပေါ်က ရုပ်သံလွှင့်မီဒီယာတွေ နဲ့ပါ အကျုံးဝင်လာတာပဲဖြစ်ပါသည်။

ငွေဒဏ်တွေကိုလည်းဆက်ထားပြီး ထောင်ဒဏ်တွေထပ်တိုးလိုက်တာက လူမှုကွန်ရက်ပေါ်က ရုပ်သံနဲ့ အသံလွှင့်မှုတွေကို ပေါ်ပေါ်တင်တင်ပဲ သတိပေးခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါသည်။

ထပ်တိုးထောင်ဒဏ်တွေ

လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးသုံးနှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ ငွေဒဏ်ပဲ ကျခံရမှာဖြစ်ပြီး အမြင့်ဆုံး ကျပ်သိန်း ၅၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

အလားတူ လိုင်စင်သက်တမ်းကုန်နေတာကို ထပ်မတိုးဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ အမြင့်ဆုံး ကျပ်သိန်း ၁၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းနဲ့ ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းတစ်ခုစီထက်ပိုပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မပြု ဆိုတာနဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်အတွက်လည်း အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြောင်းလဲပါတယ်။

ဒါ့အပြင် လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ရင်အနည်းဆုံးသုံးနှစ် ကနေ အများဆုံးငါးနှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ အစားထိုးထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထောင်ဒဏ်တွေထပ်တိုးထားပေမယ့်လို့ ငွေဒဏ်တွေကိုလည်း ဆက်ထားထားလို့ ကျူးလွန်သူရဲ့ ပြစ်မှု နဲ့ တရားသူကြီးရဲ့ဆင်ခြင်တုံ တရားက အဓိကကျလိမ့်မယ်လို့ပြောပါတယ်။

အခုလို ထောင်ဒဏ်ထပ်တိုးလိုက်တဲ့ ပုဒ်မတွေက ပြန်ကြားရေးက လက်ရှိလိုင်စင်ပိတ်ထားတဲ့ကြားက ဆက်လက်ထုတ်လွှင့်နေတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရုပ်သံလွှင့်မီဒီယာတွေကို တိုက်ရိုက် ရည်ရွယ်နေပုံရတယ်လို့ သုံးသပ်ကြပါတယ်။

မဇ္စျိမ၊ ခေတ်သစ်မီဒီယာ၊ DVB ၊ Myanmar Now၊ 7 Day ၊တာချီလိတ်သတင်းအေဂျင်စီ၊ မြစ်ကြီးနားဂျာနယ်၊Eighty 8 Media နဲ့ Delta News Agency တို့ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားပါတယ်။

ဒါပေမဲ့ 7 Day နဲ့ မြစ်ကြီးနားဂျာနယ်တို့က လွဲလို့ ကျန်တဲ့ မီဒီယာတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

” သူတို့ ထုတ်တဲ့ဥပဒေတွေ လိုက်နာစရာလည်းမလိုဘူး။ ဂရုလည်း မစိုက်ဘူး” လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရ ကပြောပါတယ်။

သူတို့ လိုင်စင်လျှောက်ခဲ့တာက ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရဆီမှာ လျှောက်ခဲ့တာလို့ သူကပြောပါတယ်။

မီဒီယာ ဖြတ်၄ဖြတ်။

အခုလို စစ်ကာင်စီရဲ့ ဥပဒေပြင်ဆင်မှု့ဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ နဲ့ ပြည်ပကနေ အခြေစိုက်ပြီး ထုတ်လွှင့်နေတဲ့ ရုပ်သံမီဒီယာတွေအပေါ် သက်ရောက်မှု နည်းပေမယ့်လို့ ပြည်တွင်းကနေ သတင်းတွေပေးပို့တင်ဆက်နေတဲ့ မီဒီယာသမားတွေနဲ့ Citizen Journalists တွေ အပေါ်တော့ အနည်းနဲ့အများသက်ရောက်္မှု့ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

” ဒါက မီဒီယာကို ဖြတ် ၄ ဖြတ် လုပ်တာ” လို့ ကိုစိုးရက ပြောပါတယ်။

စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက်လိုက်တဲ့အထဲ ပြန်ကြားရေးဝန်ကြီးဌာန၊အမျိုးသားအဆင့် ရုပ်သံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ရုပ်မြင်သံကြားနဲ့အသံလွှင့်ကောင်စီ တို့က ထုတ်ပြန်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို လိုက်နာရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ပျက်ကွက်ရင် အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ပြစ်မှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ် လို့ ဖြည့်စွက်ထားတာပါ။

သတင်းသမားကို ဖမ်းရုံတင်မက တိုက်ပိုင်ပစ္စည်းတွေပါ သိမ်းနိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ် ဆိုတဲ့ အချက်က ပြည်တွင်းမှာ အခြေစိုက်နေတဲ့ မီဒီယာတွေအတွက် စိုးရိမ်စရာ ရှိတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

”ဒါက ခြိမ်းခြောက်္မှု့ အကြီးကြီးဖြစ်သွားပြီ” လို့ သူကပြောပါတယ်။

နောက်ဆက်တွဲအဖြစ် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးပြီး ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက်ပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ဦးခင်မောင်မြင့်က စိတ်ပျက်လက်ပျက်ပြောပါတယ်။

ဒါ့အပြင် ဥပဒေပါ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတွေအဖြစ်ပါ သတ်မှတ်လိုက်တာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို အွန်လိုင်းမီဒီယာတွေကိုပါ ရုပ်သံဥပဒေထဲထည့်ပြီးပြင်ဆင်လိုက်တာဟာ ခေတ်စနစ်နဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ပြောပါတယ်။

”တရားဝင်ရော၊ တရားမဝင်ရော အကုန်လုံးကအွန်လိုင်းပေါ်ကလုပ်နေတာ။ သတင်းအမှားဖြန့်ချီတဲ့နေရာ၊ အကြမ်းဖက်္မှု့နဲ့တရားမဝင်အဖွဲ့အစည်းတွေကိုအားပေးနေတဲ့သူတွေ အများဆုံးပျံ့နှံ့နေတာလည်း ဒီနေရာပဲ” လို့ သူကပြောပါတယ်။

‌အွန်လိုင်းစစ်မျက်နှာပြင်

အမျိုးသားညီညွတ်ရေးအစိုးရမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားတာမရှိပါဘူး။ ဒါပေမဲ့ NUG အာဘော် Public Voice Television နဲ့ Radio NUG တို့ဟာ ပရိသတ်ထောက်ခံအားပေးမှုအခိုင်အမာရနေတဲ့ ရုပ်သံလွှင့်စာမျက်နှာတွေဖြစ်ပါတယ်။

ဒါ့အပြင် လူမှု့ကွန်ရက်္မှာ ဒေသခံ PDF စာမျက်နှာတွေကလည်း ရာဂဏန်းအထိရှိနေတာပါ။

သူတို့ရဲ့ စာမျက်နှာတွေကနေ ကြိုတင်သတိပေးမှု့တွေ လုပ်တတ်သလို ပစ်ခတ်လုပ်ကြံမှု့တွေကို အက်ရှင်ကားဆန်ဆန် ရိုက်ကူးထုတ်လွှင့်တာတွေပါရှိလာနေပါတယ်။

ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေ နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူအများစုကလည်း လူမှု့ကွန်ရက်္မှာ အင်အားကောင်းကောင်းနဲ့ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲရော အွန်လိုင်းပေါ်က တိုက်ပွဲကိုပါ ဆင်နွှဲနေရတာပါ။

နည်းပညာတွေအချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ စစ်ကောင်စီရဲ့ အခုလိုဥပဒေပြင်ဆင်မှု့က အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လူငယ်နည်းပညာသမားတစ်ဦးကပြောပါတယ်။

” ဒီခေတ်ကြီးမှာ သတင်းစီးဆင်းမှု့ကို သူတို့ဘယ်လိုထိန်းချုပ်နိုင်မလဲဗျာ။ ဒီအမိန့်ကစာရွက်ပေါ်မှာပဲရှိမှာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့အာဏာတည်မြဲဖို့ မီဒီယာမှမဟုတ်ဘဲ ကဏ္ဍစုံကို ဖိနှိပ်နေတယ်လို့ Delta အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။

” အခုလိုထောင်ဒဏ်တွေထပ်တိုးတာက သူတို့နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို ပြတာ။ သူတို့ကို ဆန့်ကျင်တဲ့ဘယ်သူ့ကိုမဆိုဖမ်းဖို့လုပ်နေတာ ” လို့ သူက ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *