ပဒူအကိုက်ခံရပြီးနောက် ဒါရိုက်တာကိုပေါက်ရဲ့အခြေအနေ

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ PDF ရဲဘော်တွေအတွက် လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..

အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့
အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..
မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါး
အသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့
ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်

” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီး
လက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်း
အဆိပ်က တံတောင်ဆစ်ရောက်လာတယ်
တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်
လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီး
ဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့
ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာသွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီး ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်ကအကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်ဒီမနက်တော့အတော်သက်သာသွားပါပြီ..လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့

” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျားဟင်းချက်နေတာကို ဘေးမှာအသားတွေလာစားနေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ .. ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့
ကတော့ အတော်ခံလိုက်ရတယ်” လို့
ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်

zawgyi/

ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်.

Leave a Reply

Your email address will not be published. Required fields are marked *