ကျောင်းသားတပ်မတော် ( ABSDF) က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမည်ဟု တရားဝင်ကြေညာ 

Unicode:

ကျောင်းသားတပ်မတော် ( ABSDF) က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမည်ဟု တရားဝင်ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) က စစ်အာအာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်သွားသည်ဟု ယနေ့ ကြရောက်သည့် ABSDF ၃၃ နှစ်ပြည့် ကြေညာချက်တွင် ‌အသိပေးထားပါသည်။

ABSDF သည် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ပေါ်ပေါက်လာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး ယနေ့အချိန်ထိ လက်နက်စွဲကိုက်ထားပြီး သမ္မတ ဦးသိန်းစိတ်လက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်အတူ NCA လက်္မှတ်ထိုးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်အားကိုးဖြင့် ပြည်သူများကို နှိပ်စက် သတ်ဖြတ်ရာ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် တော်လှန်ရေး အဖွဲ့အစည်ူများကို ABSDF က ကြိုဆိုဝန်းရံလက်တွဲခဲ့ကြောင်း၊ တော်လှန်ရေးတွင် ထိခိုက် ကျဆုံးခဲ့ကြသည့် ရဲဘော် ရဲဘက်အပေါင်းကို လေးစား တန်ဖိုးထား အလေးပြုသည်ဟု ယနေ့ ကြေညာချက်မှာ ဖော်ပြထားသည်။

ကျောင်းသားတပ်မတော် ( ABSDF) သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုသည့် နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်ဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Zawgyicode:

ကျောင်းသားတပ်မတော် ( ABSDF) က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမည်ဟု တရားဝင်ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) က စစ်အာအာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်သွားသည်ဟု ယနေ့ ကြရောက်သည့် ABSDF ၃၃ နှစ်ပြည့် ကြေညာချက်တွင် ‌အသိပေးထားပါသည်။

ABSDF သည် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ပေါ်ပေါက်လာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး ယနေ့အချိန်ထိ လက်နက်စွဲကိုက်ထားပြီး သမ္မတ ဦးသိန်းစိတ်လက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်အတူ NCA လက်္မှတ်ထိုးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်အားကိုးဖြင့် ပြည်သူများကို နှိပ်စက် သတ်ဖြတ်ရာ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် တော်လှန်ရေး အဖွဲ့အစည်ူများကို ABSDF က ကြိုဆိုဝန်းရံလက်တွဲခဲ့ကြောင်း၊ တော်လှန်ရေးတွင် ထိခိုက် ကျဆုံးခဲ့ကြသည့် ရဲဘော် ရဲဘက်အပေါင်းကို လေးစား တန်ဖိုးထား အလေးပြုသည်ဟု ယနေ့ ကြေညာချက်မှာ ဖော်ပြထားပါသည်။

ကျောင်းသားတပ်မတော် ( ABSDF) သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုသည့် နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်ဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *