အာဆီယံရဲ့ ကြားဝင်မစွက်ဖက်ရေးမူထက် ဥပေက္ခာမပြုရေးမူဝါဒကို ချမှတ်ကျင့်သုံးဖို့ မလေးရှားပြော

Unicode:

မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှု့အကျပ်အတည်းကို ဖြေရှင်းရာမှာ ကြားဝင်မစွက်ဖက်ရေးမူဝါဒထက် ဥပေက္ခာမပြုရေးမူဝါဒကို အာဆီယံက ချမှတ်ကျင့်သုံးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့က နိုဝင်ဘာ ၁ ရက်္မှာ ပြောပါသည်။

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ကြားဝင်မစွက် ဖက်ရေးမူဝါဒကျင့်သုံးနေပြီး အဲဒီ မူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်ဖို့တိုက်တွန်းနေတဲ့ မလေးရှားဟာ လာမယ့်နှစ် အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အထူးအစည်းအဝေးကျင်းပဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါသည်။

အဲဒီအထူးအစည်းအဝေးမှာ လက်ရှိ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အယ်ရဝင် ယူစွပ် ကို ထပ်မံအတည်ပြုရေးဟာ အရေးကြီးဆုံးဆွေးနွေးမယ့်အကြောင်းအရာဖြစ်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အပ်ဒူလာ က ပြောပါတယ်။

အခုအာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းက သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး(၂) အယ်ရဝင် ယူစွပ်ကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လဆန်းမှာ ခန့်အပ်ခဲ့ပြီး လာမယ့်နှစ်အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားက အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို ခန့်အပ်ရမှာ ဖြစ်ပါသည်။

မလေးရှားကတော့ အယ်ရဝင် ယူစွပ်ကိုပဲ အထူးကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ဖို့ လိုလားနေပါတယ်။

ဒါ့အပြင် မျှော်မှန်းထားတဲ့အထူးအစည်းအဝေးမှာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရသင့်တဲ့ လူစာရင်းနဲ့ပတ်သက်လို့လည်းဆွေးနွေးသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *