မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကိုင်တွယ်မှု့ မအောင်မြင်ဟု အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖေးလ် ‎ရောလတ်ဆန် က သုံးသပ်ပြောဆို

Unicode:

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်္မှု့တွေဟာ တောက်လျှောက်ကို ကျဆုံးနေတယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖေးလ် ‎ရောလတ်ဆန် က သုံးသပ်ပြောဆိုလိုက်ပါသည်။

အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီ က ပြည်သူတွေကို အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု့ဖြစ်တယ်လို့ သူကဆိုပါသည်။

‘ဒါဟာ သံသယဖြစ်စရာကို မရှိပါဘူး။ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်နေတယ်။ ဒီဖြစ်ရပ်တွေကို အရေးယူဖို့ ကြန့်ကြာနေတယ်။ ဒီဟာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ်သင့်နေပါပြီ။ သူတို့အနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးသင့်ပါပြီ’ လို့သူကပြောပါသည်။

ပြဿနာမှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပိတ်ဆို့ ထားမှုဖြစ်ပြီး တရုတ်နဲ့ရုရှားဟာ စစ်ကောင်စီ ကို ထောက်ပံ့ကူညီခြင်းနဲ့ လူသားဖြစ်မှု့ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့လည်း သူကစွပ်စွဲ ပါသည်။

‘ဒါကြောင့် သူတို့မှာလည်း တာဝန်ရှိပါတယ်။စစ်‌ေကာင်စီ က နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ကူမှာကို ခွင့်မပြုဘဲ ငြင်းပယ်ဖို့နဲ့ မြန်မာပြည်သူတွေကို ပြန်တိုက်ဖို့ သူတို့က ထောက်ပံ့နေတယ်။စစ်ကောင်စီ ကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ နောက်ခြေတလှမ်းကို မရောက်အောင်လုပ်ပေးနေတယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်ကို ဒီလုပ်ရပ်ဆိုးတွေ အဆုံးသတ်ပြီး ပြည်သူတွေ တရားမျှတမှုအတွက် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှာကို ကြောက်နေတယ်’လို့ သူကဆက်ပြောပါသည်။

အခုလို အကြမ်းဖက်လုပ်ရပ်တွေကို အများသိအောင် HRW ကဆက်လက်တင်ပြပြောဆိုနေမှာဖြစ်ပြီးကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေ ဆောင်ရွက်လာအောင် ဆက်ပြီးတောင်းဆိုပေးနေမှာပါလို့ လည်းဆိုပါသည်။

ထန်တလန်ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမျိုးတုံးသုတ်သင်မှု မြောက်တယ်ဆိုတာမျိုး သက်သေအထောက်အထား မရှိသေးဘူးလို့လည်း သူကပြောပါသည်။

ထန်တလန်မီးလောင်မှုနဲ့ပတ်သက်ပြီး PDF တွေက မီးရှို့တယ်လို့ စစ်ကောင်စီ ရဲ့ပြောဆိုချက်ဟာ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေက သူတို့ရပ်ရွာကို မီးရှို့ထွက်ပြေးသွားတယ်လို့ အပြစ် ပုံချတဲ့အတိုင်းပဲဖြစ်ကြောင်း သူကပြောပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *