အကြမ်းဖက်္မှု့ရပ်တန့်ရေးအပါအဝင် အချက် ၃ ချက်လုပ်ဆောင်ဖို့ စစ်ကောင်စီ ကိုအမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း

Unicode:

စစ်ကောင်စီ အနေနဲ့ အကြမ်းဖက်္မှု့ရပ်တန့်ရေးအပါအဝင် အချက် ၃ ချက်ကိုလုပ်ဆောင်ဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့က တိုက်တွန်းလိုက်ပါသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ဟာ စကော့တလန်နိုင်ငံ ဂလက်စ်ဂိုမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံ (COP26) ကို တက်ရောက်နေစဉ်အခိုက် နိုဝင်ဘာ ၁ ရက်က သီးသန့်တွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့တာလို့ သိရှိရပါသည်။

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်သွားဖို့ လုပ်ဆောင်ရမယ်လို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနီးရှားသမ္မတတို့က သဘောတူ တိုက်တွန်းလိုက်ပါသည်။

အမေရိကန်-အင်ဒိုနီးရှားသမ္မတနှစ်ဦးဟာ ရေကြောင်းလုံခြုံရေးနဲ့ ပင်လယ်ပြင်လွတ်လပ်ခွင့် အရေးပါမှုအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ SAC အာဏာရယူမှုကို စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတဘိုင်ဒင်က အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို စစ်ကောင်စီ က အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် အာဆီယံရဲ့ကြိုးပမ်းမှု့တွေကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *