ပြည်သူလူထုအား ချိန်းခြောက်ပြီး ပြန်လာသည့် စစ်​​ကောင်စီတပ်ကို PPDF ပုလဲ တပ်ဖွဲ့က ညသန်း​​ခေါင်ယံ နာနတ်သီး၊နှုတ်ခမ်းနီ ဖြင့် တည်ခင်း​ကျွေး​မွေး

Unicode:

ပြည်သူလူထုအား ချိန်းခြောက်ပြီး ပြန်လာသည့် စစ်​​ကောင်စီတပ်ကို PPDF ပုလဲ တပ်ဖွဲ့က ညသန်း​​ခေါင်ယံ နာနတ်သီး၊နှုတ်ခမ်းနီ ဖြင့် တည်ခင်း​ကျွေး​မွေးမှု​ကြောင့် စစ်​ကောင်စီတပ်သားများစွာ ထိခိုက်​သေဆုံးခဲ့ကြပါသည်။

​နိုဝင်ဘာ၁ရက်​နေ့ ည၁၂နာရီ( သန်းခေါင်ယံ)အချိန်ခန့်တွင် မင်း​အောင်လှိုင်​နောက်လိုက် အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင် များသည် ပုလဲမြို့၏ အနောက်ဘက် ၄မိုင်ခန့်အကွာ နွယ်ရှောက်ကျေးရွာရှိ ပြည်သူလူထုအားသွားရောက်ခြိမ်း‌‌ခြောက်ပစ်ခတ်ပြီး ဆိုင်ကယ်များကားများဖြင့် ပြန်လာစဉ် နွယ်ရှောက်ကျေးရွာ၏အရှေ့ဘက် ၅ဖာလုံခန့်အကွာ လမ်းခုလပ်တစ်နေရာ၌ ဗိုလ်နဂါး ဦးဆောင်သည့်ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလဲ ပုံတောင် နဂါးတပ်ဖွဲ့၏ အထူးတပ်ဖွဲ့၁၅ဦး)မှ နာနတ်သီးကြီးများဖြင့် ရှေ့ပြေးတည်ခင်းဧည့်ခံ၍ ၁၅ မိနစ်ခန့် အကြာ နှုတ်ခမ်းနီ တောင့်များ ဝိုင်းဝန်းလက်ဆောင်ပေးခဲ့ကြရာ ပုလဲမြို့နယ်၏ အကြီးဆုံး ရခ မြို့နယ်မှူး အပါအဝင် စခ ရခ အများအပြားနှုတ်ခမ်းနီများ‌ ပေကျံခဲ့ကြပြီး တချို့ နေရာတွင်ပင် အိပ်စက်သွားကြကာ တချို့မှာခွဲစိတ်ဆရာဝန်ကြီးများဖြင့် အရေးပေါ်သွား‌ရောက်တွေ့ဆုံခဲ့ကြရကြောင်း သတင်းရရှိပါသည်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ရဲဘော်တစ်ဦး ပျောက်ဆုံးနေပြီး အသက်ရှင်လျက်ရှိမရှိကို အတည်မပြုနိုင်သေးပါ။

တိုက်ပွဲဖြစ်စဉ်မှာ ၁၅မိနစ်ခန့်အကြာ အပြင်းအထန်အပြန်အလှန် ဖြစ်ပွားနေကြစဉ် ပုလဲမြို့ပေါ် ရှိ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် စစ်ကူပေးလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာလာခဲ့စဉ် ရဲဘော်တစ်ဦးမှာပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး PPDFတပ်ဖွဲ့ဝင်များမှစုံစမ်ရှာဖွေနေဆဲဖြစ်သည်ဟု သိရပါသည်။

အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သော မြို့နယ်မှူးအပါအဝင်ရဲများသည် ပြည်သူလူထုအားအကြမ်းဖက်နှိပ်စက်နေသဖြင့် PPDF​ခေါင်း​ဆောင် ဗိုလ်နဂါး၏ Personal accountမှ အထူးသတိပေးခြင်းခံထားရသော အကြမ်းဖက်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု လည်းPPDFက ထုတ်ပြန်ထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *