ကချင်ထိပ်တန်းခေါင်းဆောင် ဗိုလ်မှူးချုပ် ဂျွန်ဇန်းလွမ်းဒေါင် နာရေးကျင်းပ

ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင်တစ်ဦး၏ နာရေးအခမ်းအနားကို လိုင်ဇာတွင် ယနေ့ပြုလုပ်သည်။

KIO ဗဟိုကော်မတီ အမြဲတမ်းကော်မတီဝင်လည်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ဂျွန်ဇန်းလွမ်းဒေါင် (JUMZANG Lum Dau) ဈာပနကို လိုင်ဇာမြို့ရှိ မနောကွင်းအတွင်းက အိမ်တော်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် ဂျွန်ဇန်းလွမ်းဒေါင်သည် လိုင်ဇာဗဟိုပြည်သူ့ဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေရင်း မေလ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

သူသည် ဝပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် KIO ဗဟိုကော်မတီ၏ အထူးသံတမန်လည်းဖြစ်ကာ ကျန်းမာရေးကြောင့် ဌာနချုပ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူသည် ၁၉၆၂ ခုနှစ်ကတည်းက KIA တွင် စစ်မှုထမ်းခဲ့ပြီး တပ်မဟာ (၄) ၏ တပ်ရင်းမှူးတာဝန်အထိ ရွပ်ရွပ်ချွံချွံအမှုထမ်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *