အဆိပ်ပြင်းပဒူ အကိုက်ခံ လိုက်ရသည့် ပြည်သူ့အချစ်တော် ဒါရိုက်တာကိုပေါက်

Unicode:

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့
ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေ
တစ်နေရာကနေ PDF ရဲဘော်တွေအတွက်
လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..

အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့
အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..
မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါး
အသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့
ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်

” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီး
လက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်း
အဆိပ်က တံတောင်ဆစ်ရောက်လာတယ်
တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်
လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီး
ဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့
ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က
အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာ
သွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး
ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားက
တက်လာတယ် လည်ချောင်းတွေခြောက်ပြီး
ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်က
အကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်
ဒီမနက်တော့အတော်သက်သာသွားပါပြီ..
လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့

” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်
ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျား..
ဟင်းချက်နေတာကို ဘေးမှာအသားတွေလာစား
နေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ ..
ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်
ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါ
ဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့
ကတော့ အတော်ခံလိုက်ရတယ်” လို့
ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်။

Unicode:

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့

ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေ

တစ်နေရာကနေ PDF ရဲဘော်တွေအတွက်

လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..

 

အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့

အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..

မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါး

အသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့

ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်

 

” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီး

လက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်း

အဆိပ်က တံတောင်ဆစ်ရောက်လာတယ်

တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်

လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီး

ဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့

ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က

အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာ

သွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး

ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားက

တက်လာတယ် လည်ချောင်းတွေခြောက်ပြီး

ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်က

အကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်

ဒီမနက်တော့အတော်သက်သာသွားပါပြီ..

လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့

 

” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်

ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျား..

ဟင်းချက်နေတာကို ဘေးမှာအသားတွေလာစား

နေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ ..

ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်

ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါ

ဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့

ကတော့ အတော်ခံလိုက်ရတယ်” လို့

ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *