သုံးလကျော်ကြာပိတ်ထားတဲ့ ယုဇနပလာဇာစျေးပြန်ဖွင့်ချိန် အပေါ်ထပ်ကားပါကင်မှာ နစက တပ်တွေ တပ်စွဲထားလို့ ဈေးသည်တွေ စိုးရိမ်နေ

Unicode:

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ယုဇနပလာဇာစျေးကြီးကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပေမဲ့ ဈေးကြီးရဲ့အပေါ်ထပ်ကားပါကင်မှာ နစကတပ်တွေက တပ်စွဲထားလို့ ဈေးရောင်းချသူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မြို့ပြပြောက်ကျားတပ်တွေက မြို့နေလူထုကို နကစ တပ်တွေနဲ့ ဝေးဝေးမှာနေဖို့ပန်ကြားထားချိန်မှာ ဈေးအပေါ်ထပ်မှာတပ်စွဲထားတဲ့ နစက တပ်တွေကြောင့် လူအထိအခိုက်တွေဖြစ်လာမှာကို ဈေးသည်တွေက စိုးရိမ်နေတာပါ။

မြို့ပြပြောက်ကျားတပ်တွေက နစက တပ်တွေနဲ့သူတို့ယန္တရားလည်ပတ်တဲ့အဆောက်အအုံတွေကို အဓိကထားဖောက်ခွဲနေတာကြောင့်လည်း အခုလိုစိုးရိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စျေးကို ပြန်လည်ဖွင့်လှစ်ပေမဲ့ အရင်ကလို ဝယ်သူတွေ မလာတာကြောင့် စျေးရုံအတွင်းက ဆိုင်ခန်းပိုင်ရှင်တွေ အရောင်းအဝယ်မကောင်းဘူးလို့ သိရပါတယ်။

ယုဇနပလာဇာစျေးကြီးကို ကိုဗစ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကနေ စတင်ကာ ၃ လ ကျော်ကြာ ပိတ်ထားတာဖြစ်ပြီး အခုနိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ပေးတာဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *