အသားရောင်ရင့်ရင့် ရုပ်ကြမ်းကြမ်းကို PDF ဟုဆိုကာ စစ်ကောင်စီများက ပုသိမ်တွင် ရှာဖွေနေ

Unicode:

ပုသိမ်တွင် တိုင်းရင်းသား PDF များ စိမ့်ဝင်လာသည်ဟုဆိုကာ အသားအရောင်ရင့်ပြီး ရုပ်ကြမ်းသူများကို Mask မျက်နှာဖုံးများ ချွတ်ခိုင်းကာ လည်ပင်းတွင် ဒဏ်ရာရှိမရှိ ရှာဖွေ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့၊ နေ့လည်ပိုင်း အချိန်ခန့်မှ စတင်ကာ ပုသိမ်မြို့၏ စစ်ဆေးနေကျ Check Point များ ဖြစ်သည့် ပုသိမ်ကြိုးတံတား၊ ပုသိမ်မြို့အဝင်အထွက်ဂိတ်များ၊ ပုသိမ်တံတားသစ်အောက် ကမ်းနားလမ်း၊ ကမ်မ ဆန်လမ်းဆုံတို့တွင် စစ်ဆေးနေသည်ဟု စစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။

“အရင်က ဆိုင်ကယ်တွေကို စစ်ရင် တူးဘောက်ပဲ ဖွင့်ပြရတာ။ အခုတော့ Mask ချွတ်ပြရတယ်။ ဟက်လမက်ပါ ချွတ်ပြရတယ်” ဟု ပုသိမ်တံတားသစ်အောက်တွင် စစ်ဆေးခံခဲ့ရသည့် လူငယ်တစ်ဦး က ပြောသည်။

အသားရောင်ရင့်ပြီး ရုပ်ကြမ်းကြမ်း လူငယ်အချို့အား လည်ပင်းကိုပါ စစ်ဆေးနေသဖြင့် ဒဏ်ရာ သို့မဟုတ် အမှတ်အသား ပါသည့်သူများကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်ဟု စစ်ဆေးခံသည့်သူများနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

“တိုင်းရင်းသားဒေသဘက်က PDF တွေရောက်နေတယ် သတင်းအရ ရောက်နေတဲ့ သူထဲမှာ အသားမဲမဲ ရုပ် ကြမ်းကြမ်း သူတစ်ယောက်လည်းပါတယ်လို့ ပြောသံကြားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန် ၄ ဦး အထိ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့သော်လည်း ပစ်သတ်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ရမ်းသမ်းကာ ဖမ်း ဆီးထားသူများသာရှိသည်ဟု ပုသိမ် မြို့ခံ ဦးဝင်းအောင် က ပြောပါသည်။

အောက်တိုဘာ ၂၈ ရက်နေ့ က CDM ရဲ နှင့် ပုသိမ် အနောက် ပြောက်ကျားတပ်ဖွဲ့တို့က မြကျွန်းသာမီးပွိုင့် မော် တော်ပီကယ်ရုံးကို ပစ်ခတ် တိုက်ခိုက်ရာ ယာဉ်ထိမ်းရဲ နှစ်ဦး သေဆုံးခဲ့ပါသည်။

သို့သော် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်သူများကို လက်ရဖမ်းဆီးနိုင်ခြင်း မရှိဘဲ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်နေသည့် CDM ယာဉ်ထိမ်းရဲ လူငယ်တစ်ဦး နှင့် ၎င်း၏ အဖေကို အောက်တိုဘာ ၂၉ ရက်နေ့က ဖမ်းဆီး ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *