လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင် ပြော

လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ လူကယ်ပြန် ဝန်ကြီးဒေါ်သက်သက်ခိုင် ပြော

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ဟာလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒကို ချမှတ်ဆောင်ရွက်နေတဲ့ ဌာနတစ်ခု ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကပြောဆိုလိုက်ပါတယ်။

ဒီနေ့နိုင်ဝင်ဘာ(၁) ရက်နေ့မှာ Myanmar Royal Fortune ကုမ္ပဏီနဲ့ Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က
အနွေးထည် (၄၀၀၀)ထည် ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ကိုလာရောက်လှူဒါန်းချိန်မှာ ပြောဆိုခဲ့တဲ့ ကျေးဇူးတင်မိန်ခွန်းမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်မှစပြီး ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအပါအဝင် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာအနေနဲ့ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေ လတ်တလော

သက်သာချောင်ချိမှုရရှိစေရေး ထောက်ပံ့ပေးတာတွေ၊ ဘေးသင့်ပြည်သူတွေအတွက် အချိန်နဲ့တပြေးညီ ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတွေ၊ အရေးပေါ်တုံ့ပြန်ရေးပစ္စည်းတွေ၊ အထောက်အကူပြုပစ္စည်းတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်တွေရှိ သိုလှောင်ရုံအသီးသီးမှာကြိုတင်စုဆောင်း သိုလှောင်ထားရှိတာတွေ ဆောင်ရွက်နေပါတယ်။

အဲ့ဒီအပြင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ မူးယစ်ဆေးဖြတ်ပြီးသူတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာတွေ တိုင်းရင်းသားဒေသတွေမှာ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေနဲ့ ထိခိုက်ခံစားရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်” လို့ ပြောဆိုခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ ကာလတွေမှာ အားအနည်းငယ်မှ အသင့်အတင့်ရှိတဲ့ လာနီညာအဆင့်ရာသီဥတု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင်အအေးပိုင်း ဒေသတွေမှာ အနွေးထည်တွေ လိုအပ်နိုင်တဲ့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) ကတစ်ဆင့် လိုအပ်နေတဲ့ ဒေသတွေက ပြည်သူတွေကို ဖြန့်ဝေပေးမှာ ဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင် ကပြောခဲ့ပါတယ်။

Zawgyi

လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ လူကယ်ပြန် ၀န်ကြီးဒေါ်သက်သက်ခိုင် ပြော

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ဟာလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မယ့် လူ့အသိုက်အဝန်းပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒကို ချမှတ်ဆောင်ရွက်နေတဲ့ ဌာနတစ်ခု ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကပြောဆိုလိုက်ပါတယ်။

ဒီနေ့နိုင်၀င်ဘာ(၁) ရက်နေ့မှာ Myanmar Royal Fortune ကုမ္ပဏီနဲ့ Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က
အနွေးထည် (၄၀၀၀)ထည် ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ကိုလာရောက်လှူဒါန်းချိန်မှာ ပြောဆိုခဲ့တဲ့ ကျေးဇူးတင်မိန်ခွန်းမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်မှစပြီး ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအပါအဝင် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာအနေနဲ့ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေ လတ်တလော

သက်သာချောင်ချိမှုရရှိစေရေး ထောက်ပံ့ပေးတာတွေ၊ ဘေးသင့်ပြည်သူတွေအတွက် အချိန်နဲ့တပြေးညီ ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတွေ၊ အရေးပေါ်တုံ့ပြန်ရေးပစ္စည်းတွေ၊ အထောက်အကူပြုပစ္စည်းတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်တွေရှိ သိုလှောင်ရုံအသီးသီးမှာကြိုတင်စုဆောင်း သိုလှောင်ထားရှိတာတွေ ဆောင်ရွက်နေပါတယ်။

အဲ့ဒီအပြင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ မူးယစ်ဆေးဖြတ်ပြီးသူတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာတွေ တိုင်းရင်းသားဒေသတွေမှာ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေနဲ့ ထိခိုက်ခံစားရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်” လို့ ပြောဆိုခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ ကာလတွေမှာ အားအနည်းငယ်မှ အသင့်အတင့်ရှိတဲ့ လာနီညာအဆင့်ရာသီဥတု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင်အအေးပိုင်း ဒေသတွေမှာ အနွေးထည်တွေ လိုအပ်နိုင်တဲ့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) ကတစ်ဆင့် လိုအပ်နေတဲ့ ဒေသတွေက ပြည်သူတွေကို ဖြန့်ဝေပေးမှာ ဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင် ကပြောခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *