နိုင်ငံအတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ မင်းအောင်လှိုင်ပြောကြား

Unicode:

တပ်မတော်အတွက်သာမက နိုင်ငံအတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ သောင်းကျန်းသူစစ်ခေါင်းဆောင်ပြောကြားခဲ့ပါသည်။

ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ် နဲ့ မီးသတ်ယာဉ် တွေဟာ တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံမှာ လိုအပ်နေတာဖြစ်တဲ့အတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အရည်အသွေးပြည့်တဲ့ ယာဉ်တွေ ထုတ်လုပ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ကပြောဆိုလိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို မနေ့ကအောက်တိုဘာ(၃၁) ရက်နေ့မှာ သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်တာဖြစ်ပါသည်။

လျှပ်စစ်ရထားတွေ၊ မိုးပျံလမ်းတွေနဲ့ မြေအောက်လမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက ပျက်ရည်ပြုနေတဲ့ အချိန်မှာ စစ်ခေါင်းဆောင်က အခုလိုမော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ ထပ်မံပြောဆိုလိုက်တာပါ။

ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နဲ့ မီးသတ်ယာဉ်တွေကို အရည်အသွေးပြည့်မီစွာနဲ့ အရေအတွက်များများ ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့အဲ့ဒီမော်တော်ယာဉ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပို့ဆောင်ဖြန့်ဖြူး ပေးသွားဖို့ မော်တော်ယာဉ်တွေ ထုတ်လုပ်ရာမှာလည်း အခုထက်ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ နည်းပညာမြင့်ကားတွေ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးသည်။

စစ်ခေါင်းဆောင် သွားရောက်စစ်ဆေးတဲ့ တပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂၀၀၀ နဲ့ ၂၂၀၀ ဆန့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နဲ့ ဆီသယ်ယာဉ်တွေ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နဲ့ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Jeep Frame နဲ့ Bolts & Nuts တွေကို ထုတ်လုပ်နေတာဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *