ကုလဆိုင်ရာ သံတမန်တစ်ဦး မြန်မာနိူင်ငံသို့လာရောက်မည်

ကုလသမ္မဂဆိုင်ရာ အမေရိကန် သံတမန်ဟောင်းနဲ့ နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း – Bill Richardson ဘီရစ်ချတ်ဆန်ဟာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် မြန်မာနိုင်ငံကို လာမှာဖြစ်တယ်လို့ AP သတင်းဌာနက ရေးသားပါတယ်။

ဘေလ်ရစ်ချက်ခ်ဆန် ဟာ အမေရိကန်အောက်လွှတ်တော်အမတ်တာဝန်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်လည်း ဝန်ထမ်းဆောင်ခဲ့သလို မြောက်ကိုရီးယား၊ ကျုးဘား၊ အီရတ် နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း ပဋိပက္ခပြဿနာများကို အောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ရစ်ချက်ခ်ဆန် စင်တာကို တည်ထောင်ထားသူဖြစ်ကာ အဆိုပါစင်တာကနေတစ်ဆင့် တစ်ကမ္ဘာ့လုံးနဲ့ထိတွေ့ပြီး ပဋိပက္ခများဖြေရှင်းရေးနဲ့ အကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုတွေ ကိုလည်း ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ၎င်းဟာ NLD အစိုးရရဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို လွှတ်ပေးဖို့ ၂၀၁၈ခုနှစ်တုန်းအတွင်း က ဘုတ်အဖွဲ့အစည်းအဝေးတွင်း တင်ပြခဲ့ရာမှာ “အကြံပေးဘုတ်အဖွဲ့ရဲ့ လုပ်ငန်းမဟုတ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တဲ့ ဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

ရစ်ချက်ခ်က သူ့စင်ဟာဟာ မြန်မာပြည်သူတွေကို အစဉ်တစ်စိုက်ကူညီပေးနေခဲ့ကြောင်း ပြောဆိုခဲ့ပြီး သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အကြောင်းထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံမှ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတဲ့အကြောင်းတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

“ကိုဗစ်ရောဂါနဲ့သက်ဆိုင်တဲ့ လူသားချင်းစာနာထောင်ထားမှုအကူအညီတွေ၊ ဆေးဝါးနဲ့ အခြားသောအထောက်အပံ့ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းက အဆက်အသွယ်များ ပူးပေါင်းပြီး ကူညီပေးသွားမှာဖြစ်ပါတယ်” လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကျဉ်းသားများလွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးကူညီပေးနေတဲ့ ရစ်ချက်ခ်အနေနဲ့ မြန်မာနိုင်ငံကိုရောက်လာရင် စစ်ကောင်စီရဲ့ ထိန်းသိမ်းခြင်းကိုခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ဖို့ရှိမရှိကိုလည်း ပြောဆိုထားခြင်းမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *