PDF များကို လာရှာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူရှိဟုဆို
Unicode:
မန္တလေးတိုင်း၊ မြင်းခြံမြို့မြောက်ဘက်ရှိ ပျားရွာနှင့် နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာ ကြားတွင် PDFများရှိသည်ဟုဆိုကာ လာရှာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် စစ်ကောင်စီတပ်သားများကို အမည်မသိအဖွဲ့က ပြောက်ကျားနည်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံက ဆိုသည်။
“အဲဒီနေရာမှာ မိုင်းခွဲသံရော သေနတ်ပစ်သံရောပဲ။ အပြန်လမ်းမှာလည်း မီးပေါက်ရွာရဲ့ မန်ကျည်းသုံးပင်အောက်က ယာခင်းထဲ မြေပဲနုတ်နေတဲ့ တောင်သူနှစ်ယောက်ကိုလည်း ဖမ်းခေါ်သွားတာတွေ့တယ်”ဟု ပျားရွာဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ရွာနှစ်ရွာကြားရှိ တောထူသည့် ချောင်းကမ်းနံဘေးတွင် စစ်ကောင်စီတပ်များ ၁၆ယောက်ခန့်က ခြေကျင်အပြင် ဆိုင်ကယ်များနှင့်ပါ ရောက်လာ၍ ရှာဖွေမှုများ ပြုလုပ်နေစဉ် မိုင်းဆွဲခံရပြီး ပစ်ခတ်မှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ယင်းသို့ တိုက်ခိုက်ခံ ပြီးနောက် မီးပေါက်ရွာမှ အသက် ၅၀ ကျော်အရွယ် ဦးသန်းဌေးနှင့် အသက် ၂၀ အရွယ် ကိုဖိုးခိုင်တို့ နှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းခေါ်သွားကြောင်း သိရသည်။
မြင်းခြံတောင်ဘက်ရှိ ရွာများတွင် တပ်ဖြန့်ချထားသည့် စစ်ကောင်စီတပ်သားတချို့မှာ ပျားရွာနှင့် ပဲကြီးခင်းရွာဘက်သို့ ချီတက်သွားသည် ကိုမြင်တွေ့လိုက်ရကြောင်းလည်း မြင်းခြံမြို့နယ် ဒေသခံအချို့က ပြောပါသည်။
Zawgyicode:
PDF များကို လာရှာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူရှိဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့မြောက်ဘက်ရှိ ပျားရွာနှင့် နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာ ကြားတွင် PDFများရှိသည်ဟုဆိုကာ လာရှာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် စစ်ကောင်စီတပ်သားများကို အမည်မသိအဖွဲ့က ပြောက်ကျားနည်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံက ဆိုပါသည်။
“အဲဒီနေရာမှာ မိုင်းခွဲသံရော သေနတ်ပစ်သံရောပဲ။ အပြန်လမ်းမှာလည်း မီးပေါက်ရွာရဲ့ မန်ကျည်းသုံးပင်အောက်က ယာခင်းထဲ မြေပဲနုတ်နေတဲ့ တောင်သူနှစ်ယောက်ကိုလည်း ဖမ်းခေါ်သွားတာတွေ့တယ်”ဟု ပျားရွာဒေသခံတစ်ဦးက ပြောပါသည်။