ကဗျာဆရာမ မအိက “တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိ” လို့ ရေးသားခဲ့ဘူးတယ်

ကဗျာဆရာမ မအိက “တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိ” လို့ ရေးခဲ့ဘူးတယ်..

Unicode:

ကျနော်တို့တွေလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၃)နှစ်တုံးက ငှက်ဖျားတောမှာ ဝါးသေနတ်တွေကိုင်ပြီး “ဟင်းစားကရှား အားမရှိ ငပိကို စား အားရှိ” လို့အော်ပြီး စစ်သင်တန်းတွေ တက်ခဲ့ကြတယ်…

၈၈၈၈ အရေးတော်ပုံကြီးနောက်ပိုင်းမှာ စစ်အာဏာရှင်တွေက လူငယ်တွေကို ထောင်တွင်းနဲ့ တောတွင်းကို ပို့ဆောင်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀က တောတွင်းကို ရောက်သွားတယ်.. တခါမှ မမျှော်လင့်ဘူးတဲ့ တောခိုကျောင်းသားဘ၀ကို ရောက်ခဲ့တဲ့နောက်ပိုင်းမှာ ကိုယ့်တဲကိုယ်ဆောက်.. ကိုယ့်အစားအစာ ကိုယ်ရှာ… ကိုယ့်ဘ၀ကို ကိုယ်ထိန်းကျောင်းပြီး ” ABSDF ကျောင်းသားတပ်မတော်” ကို ထူထောင်ခဲ့တယ်.. တတ်နိုင်သမျှ တာ၀န်ကျေပြွန်ခဲ့တယ်..

အသက်အရွယ် အတွေ့အကြုံတွေကြောင့် အမှားအယွင်းတွေရှိခဲ့ပေမဲ့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုချင်တဲ့စိတ်ထားတွေက ဖြူစင်ခဲ့ကြတယ်.. တယောက်ကိုတယောက် မိသားစုရင်းတွေလို သဘောထားပြီး ဖေးမခဲ့ကြတယ်.. အားပေးခဲ့ကြတယ်..

ကျဆုံးတဲ့သူတွေလဲ ကျဆုံးပေါ့… ရဲဘော်တယောက်ကျဆုံးတိုင်း ကျန်ခဲ့တဲ့သူတွေမှာ တာ၀န်တွေ ပိုကြီးလာခဲ့တယ်လို့ ခံစားမိတယ်… နေ၀င်ချိန်မှာ အိမ်ပြန်မရောက်တဲ့ အမေ့ရဲ့သားသမီးတွေကို စောင့်နေမဲ့ ကိုယ့်အမေအပါအ၀င် မြန်မာပြည်က မိသားစုတွေကို သနားမိတယ်.. ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ တတ်နိုင်သရွေ့ကြိုးစားရင်း ဘယ်တော့ ပြန်ရောက်မှန်းမသိတဲ့ အိမ်အ၀င်လမ်းတွေကို တမ်းတခဲ့ဘူးတယ်…

အခုတော့ (၃၃) နှစ်မြောက်ခဲ့ပြီ.. တပ်ဖွဲ့၀င်အဖြစ် တာ၀န်မရှိတော့ပေမဲ့ ကျောင်းသားတပ်မတော်စိတ်ဓာတ်က အပြည့်ရှိနေတုံးပါ…သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်မှာ တတ်နိုင်သရွေ့ ပါ၀င်တာ၀န်ထမ်းဆောင်ခဲ့ခွင့်ရတဲ့အတွက် ဂုဏ်ယူဆဲပါ…သမိုင်း​​ကြောင်း​ကောင်းခဲ့တဲ့ ​ကျောင်းသားတပ်မ​တော်သမိုင်း မရိုင်း​စေချင်ဘူးဟု‌ေရးသားထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *