မင်းတပ် CDF က ချုံခိုတိုက်ခိုက်သောကြောင့် စစ်ပောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

Unicode:

မင်းတပ် CDF က ချုံခိုတိုက်ခိုက်သောကြောင့် စစ်ပောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ၊ ၈ ဦး ဒဏ်ရာရရှိ

ချင်းပြည်နယ် မင်းတပ်မြို့‌ရှိ စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်များအား CDF-MINDAT က ယမန်နေ့ အောက်တိုဘာ ၃၁ ရက်တွင် ချုံခိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲချိန် နာရီဝက်ခန့်ကြာမြင့်ခဲ့သော အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကား ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး CDF-MINDAT မှ အနည်းငယ် ဒဏ်ရာရသူတစ်ဦးရှိကာ အောင်မြင်စွာပြန်ဆုတ်ခွာလာခဲ့ကြောင်း CDF-MINDAT မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါတိုက်ပွဲသည် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် CDF-MINDATက လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *