စစ်ဘေးရှောင်တွေနေရာကို စစ်ကောင်စီ တပ်တွေက အင်အားအလုံးအရင်းနဲ့ ၀င်ရောက်စစ်ဆေး

Unicode:

စစ်ဘေးရှောင်တွေနေရာကို စစ်ကောင်စီ တပ်တွေက အင်အားအလုံးအရင်းနဲ့ ၀င်ရောက်စစ်ဆေး

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ လေးကေကော်မြိုသစ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို အောက်တိုဘာ ၃၁ မနက်္မှာ စစ်ကောင်စီ တပ်တွေက အင်အားအလုံးအရင်းနဲ့ ၀င်ရောက် စစ်ဆေးနေတယ်လို့သိရ‌ှိရပါသည်။

ကေအန်ယူ တပ်မ ၆ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လေးကေကော်မြို့သစ်က ကရင်စစ်ဘေးရှောင်ပြည်သူတွေရဲ့ အိမ်ကို စစ်ကောင်စီ တပ်တွေက လုံခြုံရေးအင်အား ၄၀ နဲ့ ၀င်ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်တယ်လို့ သိရှိရပါသည်။

စစ်ကောင်စီ ရဲ့ အမှတ် ၅၆၀ ခြေလျင်တပ်ရင်း ရှေ့တန်း စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ထင်လင်းဇော် ဦးစီးတဲ့ တပ်ဖွဲ့ဝင် အင်အား ၄၀ နဲ့ ၀င်ရောက် စစ်ဆေးတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ မေတ္တာလင်းမြိုင်ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရှိရပါသည်။

ကေအန်ယူထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါသည်။

ပုံ-ကရင်ပြည်နယ် လေးကေကော်မြို့သစ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ၀င်ရောက်စစ်ဆေးနေတဲ့ SAC တပ်များ။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *