နယူးယောက်မှာနေတဲ့ မြန်မာတွေစုပေါင်းပြီး သံအမတ်ကြီးကို ဂုဏ်ပြုပွဲကျင်းပပေးခဲ့

ချီးမြှင့်ခံရသည့် မြန်မာ့ဒီမိုကရေစီ နွေဦးတော်လှန် ရေးသူရဲကောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်မြို့ မြန်မာများများက ချီးကျူးဂုဏ်ပြုပွဲတရပ်ကိုအောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ကြသည်။

မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း နှင့် နယူးယောက်မြန်မာ ကွန်မြူနတီ အဖွဲ့ က ပူးပေါင်းပြီး အောက်တိုဘာလ ၃၀ ရက် စနေနေ့ တွင် နယူးယောက်မြို့ St. James Church ရန်ပုံငွေဈေးရောင်းပွဲတော် ရန်ပုံငွေ ဈေးရောင်းပွဲနှင့်အတူ 2021 𝓙𝓸𝓱𝓷 𝓢. 𝓜𝓬𝓒𝓪𝓲𝓷 𝓕𝓻𝓮𝓮𝓭𝓸𝓶 𝓐𝔀𝓪𝓻𝓭 ချီးမြှင့်ခံရသည့် မြန်မာ့ဒီမိုကရေစီ နွေဦးတော်လှန်ရေးသူရဲကောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ချီးကျူးဂုဏ်ပြုပွဲကျင်းပခြင်းဖြစ်သည်။

နယူးယောက်မြန်မာအသိုင်းအဝိုင်း၏ မြို့မိမြို့ဖတစ်ဦးဖြစ်သော ကဗျာဆရာကြီးမောင်စွမ်းရည်က သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမှတ်တရဂုဏ်ပြုဆုကို ချီးမြင့်ပေးအပ်သည်။

အဆိုပါပွဲသို့ နယူးယောက်မြို့မှ မြန်မာ တိုင်းရင်းသားညီ ၅၀၀ကျော်လောက်ပါဝင် တက်ရောက်ကြပြီး ရရှိသော အလှူငွေများကို PDF, CDM, ကျန်းမာရေးဒုက္ခသည်များ နှင့် စစ်ဘေးရှောင်များကို လိုအပ်သလို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *