စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်နိုင်ဖို့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီက ပါဝင်ဖို့ ဒေါက်တာတေဇာဆန်းတောင်းဆို

အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်နိုင်ဖို့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီက ပါဝင်တောင်းဆိုကြဖို့ လိုပါတယ်။

ဒီ “‌သွေးစွန်းငွေ ဖြတ်တောက်ရေး လူထုလှုပ်ရှားမှုကြီး”ဟာ အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားပြီး သူရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ “မြန်မာ့‌ရေနံနှင့်ဘာဝဓာတ်ငွေ့လုပ်ငန်း – Myanmar Oil and Gas Enterprise (MOGE)” ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့၊ MOGE ကို ငွေပေးနေတဲ့ Total၊ Chevron၊ POSCO စတဲ့ ကုမ္ပဏီတွေကို ဆက်ပြီးငွေမပေးတော့ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုကြခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူအားလုံး ပါဝင်ကြဖို့ အထူးနှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။

အခုရက်‌တွေအတွင်းမှာ “‌သွေးစွန်းငွေ ဖြတ်တောက်ရေး” ကမ္ဘာကို နှိုးဆော်တိုက်တွန်းတဲ့ လူမှုကွန်ယက် လှုပ်ရှားမှု (Social Media Campaign) များ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ မိမိတို့ Facebook, Twitter စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အောက်ပါ တောင်းဆိုချက်စာသားတွေနဲ့အတူ ဓာတ်ပုံလေးတွေ ရိုက်တင်ကြပါဖို့ပါဗျ။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *