စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်မှုထမ်းဟောင်း မြို့အဖြစ်တည်ဆောက်နေတာဖြစ်ပြီး မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်မှုထမ်းဟောင်း မြို့အဖြစ်တည်ဆောက်နေတာဖြစ်ပြီး မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

ရန်ကုန်၊အောက်တိုဘာ(၃၀)

မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ကို စစ်မှုထမ်းဟောင်းမြို့ အဖြစ် တည်ဆောက်နေတာဖြစ်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စံပြအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာကာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၂၉) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ယာ (လေးထောင့်ကန်) ကိုသွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရခြင်းဟာ စစ်မှုထမ်းဟောင်းတွေရဲ့ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်ဆောင်ရွက် ပေးတာဖြစ်ကြောင်း၊ အလားတူ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖော်ဆောင် ပေးမည်သလို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နည်းပညာဆိုင်ရာကျောင်းတွေ တည်ဆောက်နိုင်ရေး မျှော်တွေးစဉ်းစားထားဖို့ လိုကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာမှာ နေထိုင်ကြသူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း Public Transportation ဖြစ်တဲ့ မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစား စီမံဆောင်ရွက်ထားဖို့ လိုတယ်” လို့ စစ်ခေါင်းဆောင် ကပြောဆိုခဲ့ပါတယ်။

မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ပြီးစီးချိန်မှာ မြို့တစ်မြို့ကဲ့သို့ လူဦးရေရှိရမှာဖြစ်ပြီး ကလေးအရွယ်မှ လူကြီးပိုင်း အရွယ်အထိ အားလုံးနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိနေရန်အတွက် ထည့်သွင်းစဉ်းစားဖို့လိုကြောင်း၊ အလုပ်အကိုင်ရရှိရေး အတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ခေတ်မီတဲ့ နည်းပညာတွေ အသုံးပြုပြီး မွေးမြူရေးကုန်ထုတ်လုပ်မှုတွေ ထုတ်လုပ်ပြီး ရန်ကုန်မြို့၏ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ရန်ကုန်မြို့ရဲ့ စံပြအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နေရာအနည်းအငယ်အတွင်း ထုတ်ကုန် အရေအတွက်များစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *