ပဲခူးအခြေစိုက် တပ်မ ၇၇ က ပဲခူးမြို့ခံ ၇၀ ကို ပျူစောထီးအဖွဲ့ဝင်အဖြစ် သင်တန်းပေးလေ့ကျင့်ပေးနေ

Unicode:

ပဲခူးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၇၇ က ပဲခူးမြို့ဒေသခံ ၇၀ ခန့်ကို ပျူစောထီးအဖွဲ့ဝင်တွေအဖြစ် စစ်သင်တန်းပေး လေ့ကျင့်ပေးနေတယ်လို့ သိရှိရပါသည်။

အောက်တိုဘာ ၂၄ ရက်နေ့ကနေစတင်လေ့ကျင့်ပေးနေရာ ၅ ရက်ကျော်ကြာပြီဖြစ်ပြီး သင်တန်းတက်နေတဲ့ လူ ၇၀ ခန့်က ပဲခူးမြို့ခံ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်တွေနဲ့ စစ်မှု့ထမ်းဟောင်းတွေ ဖြစ်နိုင်တယ်လို့ သိရှိရပါသည်။

စစ်ကောင်စီ က တပ်မ ၇၇ ကို စစ်ကိုင်းမှာ ရှေ့တန်းထွက်ဖို့ လွှတ်ရန်ပြင်နေတာကြောင့် နောက်တန်းကနေ လုံခြုံရေးယူပေးဖို့ ဒေသခံပျူစောထီးအဖွဲ့၀င်တွေကို လက်နက်ပေးပြီး သင်တန်းပေးနေတာဖြစ်တယ်လို့လည်း ပြောကြပါသည်။

ဒီလိုသင်တန်းပေးနေတာဟာ တပ်သတင်းပေးတွေ ရှင်းလင်းခံနေရတာကြောင့် စစ်ကောင်စီ ဘက်ကနေ CDM ဝန်းထမ်းတွေနဲ့ NLD ကိုယ်စားလှယ်တွေ၊ NLD နဲ့ ပတ်သတ်သူတွေကို ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်မှာကို ပဲခူး PDF အဖွဲ့တွေက စိုးရိမ်နေတယ်လို့ သိရသည်။

လက်ရှိမှာတော့ ပျူစောထီးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးပေမယ့် စက်တင်ဘာလထဲက စစ်ကောင်စီ ရဲ့ စစ်သင်တန်းမှာတက်ဖို့ လိုက်လံစည်းရုံးပြီး စာရင်းလိုက်ကောက်နေတယ်လို့ သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *