ထန်တလန်တွင် နေအိမ်ပေါင်း ၂၇၀ ကျော် မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး အခုနံနက်ခင်းထိတိုင် မီးမငြိမ်းသေး

Unicode:

ထန်တလန်တွင် နေအိမ်ပေါင်း ၂၇၀ ကျော် မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး အခုမနက်ခင်းထိတိုင် မီးမငြိမ်းသေး

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီ (န.စ.က)ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု့ကြောင့် ယမန်နေ့ မနက် ၁၀ နာရီကစတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိမှာတော့ အဲ့ဒီမီးလောင်ကျွမ်းမှု့ကြောင့် ပျက်စီးရတဲ့နေအိမ်အရေအတွက်ဟာ ၂၇၀ ကျော်အထိ ရှိသွားခဲ့ပြီလို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေဆီကတစ်ဆင့် သိရှိရပါသည်။

မနေ့က တစ်နေ့လုံး၊ တစ်ညလုံး လောင်ကျွမ်းခဲ့တဲ့မီးဟာ အခု ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကိုရောက်လာတဲ့ထိ မီးမငြိမ်းနိုင်သေးဘဲ ဆက်လက် လောင်ကျွမ်းနေဆဲပဲဖြစ်တယ်လို့‌ေဒသခံများက ဆိုပါသည်။

လက်ရှိမှာ နေအိမ်တစ်ချို့ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးတောက်တွေကို မြင်တွေ့နေရဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ထန်တလန်မြို့ဟာ လူဦးရေ တစ်သောင်းကျော် နေထိုင်တဲ့မြို့ဖြစ်ပြီး နေအိမ်အရေအတွက် ၁,၈၀၀ ကျော် ရှိပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published.