NLD ပါတီ နာယကအဖွဲ့ဝင်ဦး၀င်းထိန် ကို စစ်ကောင်စီ က ထောင်ဒဏ် နှစ် ၂၀ ချမှတ်

 

NLD ပါတီ နာယကအဖွဲ့ဝင်ဦး၀င်းထိန် ကို စစ်ကောင်စီ က ထောင်ဒဏ် နှစ် ၂၀ ချမှတ်

NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦး၀င်းထိန်ကို နေပြည်​တော် ဒက္ခိဏခရိုင် အထူးတရားရုံးက ​ဒီကနေ့ (အောက်တိုဘာလ ၂၉ ရက်)မှာထောင် ဒဏ် ၂၀ နှစ် ချမှတ်လိုက်​ကြောင်းကနဦးသိရှိရပါတယ်။

ဦး၀င်းထိန် ကိုအကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၁၂၄ -က ဖြင့် တရားစွဲဆိုထားပြီး ​နေပြည်​တော် အချုပ်​ထောင်မှာအာဏာသိမ်းယူပြီး‌ဖေဖော်၀ါရီ‌လ အစောပိုင်းကတည်း စတင်ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ပါတယ်။

စစ်ကောင်စီ ကထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တဲ့ NLD ပါတီနာယက ဦး၀င်းထိန်ဟာ အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်ပါတယ်။

ဦးဝင်းထိန်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄ (က)မှာတော့ ” နှုတ်ဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း အမှတ်အသား (သို့)ထင်ရှားသော အမှတ်အသားဖြစ်သော်လည်းကောင်း၊ ထို့အပြင် တခြားသော နည်းဖြင့် နုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအပေါ်မုန်းတီးလာအောင်၊ မလေးမစားဖြစ်အောင်နှင့်ယင်းသို့ ဖြစ်စေရန်လှုံဆော်ခြင်း လှုံဆော်ရန်အားထုတ်ခြင်းတို့ကို ပြုလုပ်ပါက ပြစ်မှုထင်ရှားကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ်တစ်သက်တကျွန်းဖြစ်စေ၊ တစ်သက်တစ်ကျွန်းအောက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် အတူထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်သက်သက် ဖြစ်စေ ချမှတ်နိုင်သည်”လို့ ပြဌာန်းထားတဲ့ဥပဒေပုဒ်မလည်းဖြစ်ပါတယ်။

#RiSE_News

Leave a Reply

Your email address will not be published. Required fields are marked *