ယနေ့တောထဲမှာ လတ်မှတ်ထိုးခဲ့ကြသည့် PDF လူငယ် စုံတွဲလေး ၃ တွဲ

PDF စစ်သားဘ၀မှာ ဆိုးတူကောင်းဘက် ဒုက္ခအထပ်ထပ်အတူတူရင်ဆိုင်ခဲ့ကြပြီး သံယောဇဉ်တွေ တွယ်လာခဲ့တဲ့ချစ်သူစုံတွဲလေး (၃)တွဲဟာ ဒီနေ့မှာဆိုရင်တော့PDF TC တပ်ခွဲရုံးရဲ့ တရား၀င်ကြင်လင်မယားဖြစ်စေတဲ့မင်္ဂလာပွဲလေးကို ဗိုလ်ကြီးနဲ့PDF ရဲဘော်တို့အားအသိသက်သေထားပြီးစခန်းမှာပဲ ပျော်ရွှင်စွာကျင်းပလိုက်ပါတယ်ခင်ဗျာ။

မြန်မာတစ်နိုင်ငံလုံး စစ်အာဏာသိမ်းတဲ့အောက်ရောက်နေတာတောင် တောထဲမှာမင်္ဂလာပွဲလုပ်နိုင်သေးတယ်လို့တော့ မထင်ကြပါနဲ့ခင်ဗျာ

စစ်အာဏာသိမ်းတာကို နာကျည်းမုန်းတီးလို့
အားလုံးကိုစွန့်လွှတ်ပြီးတော့ တောထဲမှာ
ဒုက္ခခံ စစ်ပညာတွေလာသင်ကြတဲ့ ရဲဘော်များဖြစ်ပါတယ်။

PDF ‌ရဲဘော်တွေဟာ အရာအားလုံးဆုံးရှုံးလို့
အဖော်မဲ့နေတဲ့အချိန်ဒီလိုအချစ်စိတ်လေးနဲ့တွေ့လို့သာ ခွန်အားတွေ ပြန်လည် လတ်ဆတ်ခဲ့တယ်။ဒီအချစ်စိတ်ကပဲ တော်လှန်ရေးအောင်မြင်ဖို့အတွက်2ဆလောက် အလုပ်ပြီးစေတယ်လို့ ထင်မိပါတယ်။

ဒီပွဲလေးက တကယ်ကို အကျဉ်းချုပ်ပြုလုပ်လိုက်တာပါ။ဘယ်မိဘ ဘယ်ဆွေမျိုးမှဖိတ်ကြားခြင်းမရှိပဲကိုယ်ချစ်ရတဲ့ချစ်သူကို ဆုံးရှုံးမခံလိုတဲ့စိတ်နဲ့အသက်ပြည့်အသိဉာဏ်ရှိတဲ့ ဦးနှောက်ရော နှလုံးသားနဲ့ပါဆုံးဖြတ်ပြီးရွေးချယ်ခဲ့တဲ့ ချစ်သူစုံတွဲများဖြစ်ကြပါတယ်။

ဒီမင်္ဂလာပွဲကတော့ တခြားမင်္ဂလာပွဲတွေထက်
ပိုထူးဆန်းနေမယ်၊ပိုပြီးတော့ချိုမြိန်မယ်။
ပိုပြီးတော့အမှတ်တရတွေနဲ့ပြည့်နက်နေလိမ့်မယ်။

ဒီစုံတွဲတွေရဲ့ မတရားမှုကိုအဆုံးထိတွန်းလှန်မယ့် ခံယူချက်တွေကခိုင်မာတဲ့အတွက်ကြောင့်
ဒီအကြင်လင်မယား မွေးဖွားလာမယ့်
သားသမီးရတနာများကလဲ မတရားမှုနောက်ထပ်ရှိလာမယ်ဆိုရင်ဆောင် ဒီကလေးတွေဟာအမှန်တရားဘက်ကနေရှေ့ဆုံးကရပ်တည်ပေးမယ့်အနာဂတ် သူရဲကောင်းတွေ ဖြစ်လာအုံးမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *