ခိုလှုံခွင့်ပေးခဲ့တဲ့ရွာလေးရဲ့ ကထိန်ပွဲမှာ PDF ရဲဘော်တွေက ကထိန်သင်္ကန်းကပ်ကုသိုလ်ယူခဲ့

ခိုလှုံခွင့်ပေးရုံမက စစ်ပညာများပါသင်ကြားပြသ‌ပေးတဲ့‌ရွာကထိန်လေးအတွက် မိခင်တပ်ရင်း PDF -TCတပ်ခွဲရုံးရဲဘော်များမှတောထဲကနေရွာအရောက် ပဒေသာပင်ကြီးထမ်းလို့ ရွာသားများနဲ့အတူ ကထိန်သင်္ကန်းကပ်ကုသိုလ်ယူခဲ့ပါတယ်။

ပဒေသာပင်ကြီးဟာ တန်ဖိုးအားဖြင့်သတ်မှတ်ရင်တော့အရမ်းအဖိုးမတန်ပေမယ့် ရဲဘော်များရဲ့ချွေးနည်းစာထဲကမှ၁၀၀-၂၀၀ အကြွေလေးတွေ စုပေါင်းပြီး စေတနာအပြည့်နဲ့လှုဒါန်းမှုဖြစ်တဲ့အတွက် အင်မတန်မှ အဖိုးတန်လှတဲ့ပဒေသပင်ကြီးလို့တော့ ကျွန်တော်ယူဆပါတယ်ခင်ဗျာ။

ကျွန်တော်တို့ဟာ ရွံရှာမုန်းတီးရမယ့်အရာကို သိရှိသလိုရိုသေကိုင်းရှိုင်းရမယ့် အရာကိုလဲ သိရှိကြပါတယ်ခင်ဗျာ။

ဒီနေ့တော့ သီတင်းကျွတ်မုန့်ဖိုးလေးထဲကမှ
ကျွန်တော်နဲ့အတူပြည်သူများ ကုသိုလ်အတူရနိုင်စေရန်သံဃာ(၂)ပါးစာ အတွက် သင်္ကန်း၊၀တ္ထုငွေအအေး တို့ကိုကိုယ်တိုင် ကပ်လှူပူဇော်ခဲ့ပါတယ်ခင်ဗျာ။

ဒီရက်ပိုင်း Ban ခံထိထားလို့ ခနပျောက်တာဖြစ်ပါတယ်။သေနတ်ကြီးတကားကားနဲ့ပုံတွေ ခနရပ်နားပြီးကောင်းမှုလုပ်နေတာလေးတင်ပါအုံးမယ်ခင်ဗျာ။

အရမ်းပင်ပန်းပေမယ့် ရွာဓလေ့ကို ကထိန်ကို
တစ်ရက်တာလုံး အပြည့်အ၀ ကုသိုလ်ယူခွင့် ရခဲ့ပါတယ်။

ယနေ့ရရှိတဲ့ကုသိုလ် အ၀၀ကို ကျွန်တော်နဲ့ထပ်တူမြန်မာနိုင်ငံတွင်းနေထိုင်သူအားလုံး ထပ်တူထပ်မျှကုသိုလ်ရကြပါစေ လို့ ဆုတောင်းပေးပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *