ချက်နိုင်ငံရှိ NUG ရုံးဖွင့်ပွဲ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတက်ရောက်

Unicode:

ချက်သမ္မတနိုင်ငံ ပရာဟာမြို့တွင် အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့် ပွဲသို့ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တဦး တက်ရောက်ခဲ့ကြောင်း မြန်မာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးပေါ်လစီ ဌာန ညွှန်ကြားရေးမှူး မစ္စတာ DAVID ČERVENKA က ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခြင်း ဖြစ်သည်။

၎င်းက ချက်သမ္မတနိုင်ငံအနေနှင့် NUG အား ဆက်လက်ပံ့ပိုးအားပေးကူညီသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာကိုယ်စားလှယ်ရုံး ဖွင့်ပွဲကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ချက်သမ္မတနိုင်ငံသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးတို့အတွက် ဘဝများနှင့် ရင်းကား ကြိုးစားလှုပ်ရှားနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် အတူ အစဉ်အတူတကွ ရပ်တည်သွားမည်ဟု ပြောကြားခဲ့ကြောင်း မြန်မာကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

အဆိုပါရုံးဖွင့်ပွဲသို့ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို NUG ၏ ချက်နိုင်ငံနှင့် စကင်ဒီနေးဗီးယန်းနိုင်ငံများဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *