ကိစ္စတိုင်းကို So What လို့ မေးခွန်းထုတ်ပြီး အဖြေထွက်လာရင်တောင် So What လို့ သုံးလေးကြိမ် ထပ်မေးပြီးမှ အကောင်အထည်ဖော်တယ်လို့ မင်းအောင်လှိုင် ပြေကြား

ကိစ္စတိုင်းကို So What လို့ မေးခွန်းထုတ်ပြီး အဖြေထွက်လာရင်တောင် So What လို့ သုံးလေးကြိမ် ထပ်မေးပြီးမှ အကောင်အထည်ဖော်တယ်လို့ မဲလံုး၏ပ‌ ‌ေထွဖြစ်သူးဗိုလ်မင်းအောင်လှိုင် ပြောကြားခဲ့ပါသည်။

 

အကြမ်းဖက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတုန်းက ဟုမ္မလင်းခရီးစဉ်မှာ ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဟာ အွန်လိုင်းလူမှု့ကွန်ရက် စာမျက်နှာထက်မှာ တစ်ကျော့ပြန်လည် ရေပန်းစားလာပြီး သူ့အနေနဲ့ အမိန့်တစ်ခု ထုတ်တော့မယ်ဆိုရင် အဖြေတစ်ခု တိတိကျကျထွက်အောင် So What လို့ တစ်ကြိမ်မက အမြဲမေးကြောင်း အဲ့ဒီခရီးစဉ်ရဲ့မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားခဲ့တယ်လို့ သိရှိရပါသည်။

မင်းအောင်လှိုင်က ” ကျွန်တော် အမိန့်တစ်ခု မထုတ်ခင်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင်တယ်။ ဒီစည်းကမ်းတစ်ခုထုတ်မယ်၊ So What ဘယ်လိုသဘောရလဲပြော။ ကျွန်တော်တို့ဆီမှာ So What ဆိုတာ ရှိတယ်။ ဒီတော့ ဘာဖြစ်မလဲ။ အဲ့ဒီတော့ အဖြေတစ်ခု ပြန်ထွက်တယ်။ အဲ့ဒီအဖြေပါတစ်ခါ So What ဆိုပြီး ထပ်မေးသေးတယ်။ ဒါဆို ဘာဖြစ်မယ်။ သုံးလေးခွန်းလောက် မေးလိုက်လို့မှ Solution အရ အဖြေရပြီဆို ဒီအတိုင်းလုပ်မယ်ဆိုပြီး အဖြေကထွက်တယ်၊ ကျွန်တော်တို့က အဲ့ဒီလို စဉ်းစားတယ်” လို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ဟုမ္မလင်းခရီးစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါသည်။

မင်းအောင်လှိုင်က သူ့အနေနဲ့ ကိစ္စရပ်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့အဖြေရှာဖို့အတွက် So What စကားလုံးကို မကြာခဏသုံးတယ်လို့လည်း အသိပေးထားပါသည်။

Zawgyicode:

ကိစ္စတိုင်းကို So What လို့ မေးခွန်းထုတ်ပြီး အဖြေထွက်လာရင်တောင် So What လို့ သုံးလေးကြိမ် ထပ်မေးပြီးမှ အကောင်အထည်ဖော်တယ်လို့ ဗိုလ်မင်းအောင်လှိုင် ပြော

 

အကြမ်းဖက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတုန်းက ဟုမ္မလင်းခရီးစဉ်မှာ ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဟာ အွန်လိုင်းလူမှု့ကွန်ရက် စာမျက်နှာထက်မှာ တစ်ကျော့ပြန်လည် ရေပန်းစားလာပြီး သူ့အနေနဲ့ အမိန့်တစ်ခု ထုတ်တော့မယ်ဆိုရင် အဖြေတစ်ခု တိတိကျကျထွက်အောင် So What လို့ တစ်ကြိမ်မက အမြဲမေးကြောင်း အဲ့ဒီခရီးစဉ်ရဲ့မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားခဲ့တယ်လို့ သိရှိရပါသည်။

 

မင်းအောင်လှိုင်က ” ကျွန်တော် အမိန့်တစ်ခု မထုတ်ခင်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင်တယ်။ ဒီစည်းကမ်းတစ်ခုထုတ်မယ်၊ So What ဘယ်လိုသဘောရလဲပြော။ ကျွန်တော်တို့ဆီမှာ So What ဆိုတာ ရှိတယ်။ ဒီတော့ ဘာဖြစ်မလဲ။ အဲ့ဒီတော့ အဖြေတစ်ခု ပြန်ထွက်တယ်။ အဲ့ဒီအဖြေပါတစ်ခါ So What ဆိုပြီး ထပ်မေးသေးတယ်။ ဒါဆို ဘာဖြစ်မယ်။ သုံးလေးခွန်းလောက် မေးလိုက်လို့မှ Solution အရ အဖြေရပြီဆို ဒီအတိုင်းလုပ်မယ်ဆိုပြီး အဖြေကထွက်တယ်၊ ကျွန်တော်တို့က အဲ့ဒီလို စဉ်းစားတယ်” လို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ဟုမ္မလင်းခရီးစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါသည်။

 

မင်းအောင်လှိုင်က သူ့အနေနဲ့ ကိစ္စရပ်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့အဖြေရှာဖို့အတွက် So What စကားလုံးကို မကြာခဏသုံးတယ်လို့လည်း အသိပေးထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *