၂၀၂၀ ​ရွေးကောက်ပွဲ တစ်ကြိမ်ထက်ပိုမဲပေးခဲ့သူတွေကို တရားစွဲသွားမည်ဟုဇာ်မင်းထွန်းပြာကြား

Unicode:

၂၀၂၀ ​ရွေးကောက်ပွဲ တစ်ကြိမ်ထက်ပိုမဲပေးခဲ့သူတွေကို တရားစွဲသွားမည်ဟုဇာ်မင်းထွန်းပြာကြားခဲ့ပါသည်။

တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို တရားစွဲဆိုဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အကြောင်းကြားထားပါသည်။

ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးတယ်ဆိုရင် မဲပေးသူသာမက အားပေးသူ၊ မဲပေးတာကို ဖြစ်မြောက်စေသူ၊ ဖြစ်မြောက်စေဖို့ အားထုတ်သူတွေဟာလည်း ရာဇသတ်ကြီးပုဒ် ၁၇၁ (ဃ) ကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ UEC ရဲ့ အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါသည်။

ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု ဒါမှမဟုတ် သူတပါးအယောင်ဆောင်မှုကို ကျူးလွန်ရင် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (စ) အရ တနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားကြောင်းလည်း UEC ညွှန်ကြားချက်္မှာ ဖော်ပြထားပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ဟာ စစ်ကောင်စီ က အာဏာရယူတာရဲ့ အဓိကအကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအကြောင်းပြချက် မှန်ကန်တယ်ဆိုတာကို သက်သေပြဖို့ အာဏာရယူပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာဖြစ်သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *