Unicode:
လျှပ်စစ်ကား၊ရထားများ ပြေးဆွဲနိုင်ရေး အာဏာသိမ်းခေါင်းဆောင်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဆွေးနွေး
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့နှင့် အာဏာသိမ်းခေါင်းဆောင်တို့ ယနေ့တွင်နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့သည်။
လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်္မည့်အခြေ အနေများကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီကထုတ်ပြန်ထားပါသည်။
ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ် ရေး၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးများလည်း ပါဝင်ခဲ့သည်။
နှစ်နိုင်ငံကြားသွားလာမှုအဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်း လိုင်း ပြေးဆွဲရေးများ ဆေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Zawgyicode:
လျှပ်စစ်ရထား၊ကားများ ပြေးဆွဲနိုင်ရေး အာဏာသိမ်းခေါင်းဆောင်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဆွေးနွေး