ဗိုလ်တစ်ထောင်မြို့နယ် KBZ ဘဏ်ဓားပြတိုက်သူများကို ဖမ်းဆီးရမိကြောင်းစစ်ကောင်စီထုတ်ပြန်

ဗိုလ်တစ်ထောင်မြို့နယ် KBZ ဘဏ်ဓားပြတိုက်သူများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်

ရန်ကုန် ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း KBZ ဘဏ်ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ည(၈)နာရီသတင်းမှာ ကြေညာသွားပါတယ်။

KBZ ဘဏ် ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကားယာဉ်မောင်းမှတဆင့် ကွင်းဆက်စုံစမ်းခဲ့ရာ ဓားပြတိုက်ရာမှာ ပါဝင်သူ ၁၂ဦးကို ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၁၂ ဦးထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်ပါရှင်လည်း ပါဝင်ပြီး ၎င်းမှာ ဓားပြတိုက်ရာမှ ရရှိလာတဲ့ ငွေတွေကို သိမ်းဆည်းထားပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘဏ်ဓားပြတိုက်မှုမှာ အသုံးပြုခဲ့တဲ့ CZ 75 D အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၂ စီးနဲ့အတူ ငွေကျပ် ၂,၈၁၄ သိန်းကို ပြန်လည် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ညနေပိုင်းက ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း KBZ ဘဏ် ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး ငွေကျပ် သိန်း ၃၀၀၀ ပါသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *