မြန်မာ့အရေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်တွေNUGနဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ပြော

ဒေသတွင်းအခရာကျတဲ့နိုင်ငံတွေနဲ့သံခင်းတမန်ခင်းအရေးကို NUG နဲ့ဆွေးနွေးခဲ့တယ်လို့ အမေရိကန်လုံခြုံရေးအကြံပေးပြော

ဒေသတွင်းမှာ အခရာကျတဲ့နိုင်ငံတွေအပြင် စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးရာဆက်ဆံရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ဆွေးနွေးထားတယ်ဆိုပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောလာပါတယ်။

NUG ရဲ့ယာယီသမ္မတဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့တာကို မစ္စတာဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလာတာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ခက်ခဲတဲ့အခြေအနေတွေအရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးတက်ခွင့်ငြင်းတာဟာ အာဆီယံရဲ့ခြေလှမ်းတစ်ရပ်လို့လည်း သူက ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့တိုးလုပ်ဆောင်နိုင်မယ်ဆိုတဲ့ကိစ္စအပေါ် သမ္မတ ဘိုင်ဒန်ဟာ အာဆီယံနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ဆောင်ရွက်တဲ့အခွင့်အလမ်းရရှိစေခဲ့တယ်လို့လည်း အကြံပေးက ပြောပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *