မန္တလေး ကညနရုံးရှေ့ ဗုံးနှစ်လုံး ဆင့်ပေါက် ဒဏ်ရာရသူ (၁၀)ဦးကျော်ရှိ၊ပထမအကြိမ် ပေါက်ကွဲမှု့တွင် လူသုံးဦး ဒဏ်ရာရပြီး နာရီဝက်ခန့်အကြာ ထပ်မံပေါက်ကွဲခြင်းဖြစ်

Unicode:

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကညနရုံး ဝင်ပေါက် ဆိုင်ကယ်များ ရပ်နားရာနေရာတွင် ယနေ့ မနက်(၁၁)နာရီဝန်းကျင်က ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး (၁၀)ဦး ရှိကာ ဆိုင်ကယ်(၁၄)စီး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ယနေ့ မနက်(၁၁)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်များ မီးလောင်နေချိန် ထပ်မံ၍ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

ပထမအကြိမ် ပေါက်ကွဲမှု့တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရပြီး ဒုတိယအကြိမ် ပေါက်ကွဲမှု့တွင်လည်း ကိုးဦးခန့် ဒဏ်ရာရသည်ဟု ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောပါသည်။

“ခဏကကွဲပြီး မကြာဘူး မိနစ် ၂၀ လောက်္မှာ တစ်လုံးထပ်ကွဲတယ် ။ သုံးလုံးထောင်ထားတာလို့ ပြောတယ်။ တစ်လုံးက မကွဲဘူးတဲ့။ လူကတော့ ထိခိုက်္မှု့ ရှိတယ် ။ အတိအကျတော့ မသိဘူး “ ဟု ကညန ရုံးထဲတွင် ရှိနေသူတစ်ဦးက ပြောပါသည်။

အဆိုပါ ကညနရုံးခေါ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့ သိပ္ပွလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်များထဲမှ ဆိုင်ကယ်တစ်စီးတွင် ပေါက်ကွဲမှု့ဖြစ်ကာ အနီးအနားရှိ အခြားဆိုင်ကယ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ အသိုင်းအဝိုင်းက ရှင်းပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု့ကြောင့် ထိခိုက်ဒဏ်ရာရသူ အများစုသည် ယာသ်လိုင်စင် သက်တမ်းတိုးသူများနှင့် ပွဲစားများဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

သို့သော် ထိခိုက်ဒါဏ်ရာရသူ အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု့အခြေအနေများ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း မန္တလေး ကညနရုံး ပေါက်ကွဲမှု့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *